အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီအမှတ်(၂)ဘကပညာရေးကျောင်းတွင် အာဟာရဒါနကုသိုလ်ပြုလှူဒါန်း

 

အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အတွင်းရှိ အမှတ်(၂) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများအား အာဟာရ ဒါနကုသိုလ်အဖြစ် နွားနို့နှင့်ပေါင်မုန့်များကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲက လှူဒါန်း ခဲ့သည်။

လှူဒါန်းရာသို့ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦး၊ မြို့နယ် အတွင်းရေးမှူးဒေါ်စောမြိုင်နှင့် မြို့နယ်ကော်မတီဝင် များ၊ ဆင်စွယ်ပွတ်ရပ်ကွက်မှ ပါတီကော်မတီအဖွဲ့ဝင်များ တက်ရောက် ၍ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်လှူဒါန်းခဲ့သည်။

အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဆင်စွယ်ပွတ်ရပ်ကွက်ရှိ အမှတ်(၂)ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့သွားရောက်၍ ဆရာဆရာမများနှင့် ပညာသင်ကြားနေကြသော ကျောင်းသား ကျောင်းသူ ၇ဝခန့်အား အာဟာရဖြစ်စေရန်အတွက် နွားနို့နှင့်ပေါင်မုန့် များ ဝေငှကုသိုလ်ပြုခဲ့ကြသည်။

သုတ