ပါတီကျစ်လျစ်ခိုင်မာရေး တိုင်း ခရိုင် မြို့နယ် ရပ်ကွက်နှင့် ကျေးရွာပါတီဝင်များတွေ့ဆုံ

နိုဝင်ဘာလ (၂၅) ရက် (၁၃း၁၀) အချိန်၌ ဒဂုံအရှေ့ပိုင်း ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမတွင် တိုင်း ခရိုင် မြို့နယ် ရပ်ကျေးပါတီအဖွဲ့ များတွေ့ ဆုံ၍ ပါတီကျစ်လစ်ခိုင်မာရေးအတွက် ဆွေးနွေးခဲ့ကြပါသည် ။

အခမ်းအနားသို့  တိုင်းပါတီကော်မတီဝင် ဒေါ်အေးအေးမြင့်၊ အရှေ့ ပိုင်းခရိုင်ပါတီဥက္ကဌ ဦးစိန်မြင့်နှင့် ဦးမျိုးဝင်း ကျော်၊ ပထမအကြိမ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထူး၊ ရပ်မိရပ်ဖ ဦးအောင်ဆန်းလင်း၊ မြို့ နယ်ပါတီဥက္ကဌ ဦးမြင့်ခိုင်နှင့် ပါတီကော်မတီဝင်များ ရပ်/ကျေးပါတီအဖွဲ့ များ တက်ရောက်ကြပါသည် ။

အခမ်းအနားတက်ရောက်လာသူများက နိုင်ငံတော်သီချင်းသံပြိုင်သီဆို၍ စတင်ဖွင့်လှစ်ပါခဲ့သည်။ တိုင်းပါတီ ကော်မတီဝင် ဒေါ်အေးအေးမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့ နောက် တက်ရောက်လာသူများ က ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အရှေ့ ပိုင်းခရိုင်ပါတီဥက္ကဌက နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။