
လွိုင်လင် ဩဂုတ် ၁၅

=================================

အသင်းဘဝမှ လက်တွဲခဲ့သူကို ဆေးကုသစရိတ် ထောက်ပံ့

 

လွိုင်လင်   ဩဂုတ် ၁၅

( ၁၅.၈.၂၀၂၃ )ရက်နေ့ နေ့လည် ( ၁၂:၀၀ ) နာရီ အချိန်တွင် ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လွိုင်လင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဒေါ်နန်းစံညွန့် သည် အသင်းဘဝမှ ယနေ့အထိ လက်တွဲဆောင်ရွက်ခဲ့သည့် ဗပဆ သင်တန်းဆင်း လွိုင်လင်ခရိုင်အသင်းအလုပ်အမှုဆောင် ဒေါ်သန်းသန်းအေး ဆေးရုံတက် ဆေးကုသ နေရသဖြင့် ရှမ်းပြည်နယ် ( တောင်ပိုင်း ) ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းလုံကျော် နှင့်ဇနီး ဒေါ်ခိုင်ဇာလင်းနောင် မိသားစုမှ ဆေးကုသစရိတ်ထောက်ပံ့လှူဒါန်းငွေ ( ၅၀၀၀၀ ) ကျပ် နှင့် လွိုင်လင်မြို့နယ်ပါတီမှ ဆေးကုသစရိတ် ထောက်ပံ့လှူဒါန်းငွေ ( ၂၀၀၀၀ ) ကျပ်အား ဒေါ်သန်းသန်းအေး ထံသို့ သွားရောက် ပေးအပ်လှူဒါန်းခဲ့ပါသည်။