
ရန်ကုန် ဩဂုတ် ၁၅ ရက်
ထိုလုပ်ငန်းညှိနှိင်းစည်းဝေးပွဲတွင် ကမာရွတ်ခရိုင်/ကမာရွတ်မြိုနယ် ပါတီဥက္ကဌဒေါ်သီသီမွန် မှရပ်ကွက် ပါတီကော်မတီဝင်များနှင့် စုံညီစွာတွေ့ဆုံရသည့်အတွက်အထူးပင် ဝမ်းသာဂုဏ်ယူပါကြောင်း ပါတီ၏ လုပ်ငန်းစဉ်များ ပြန်လည်ပြီး တက်ကြွစွာလှုပ်ရှားဆောင်ရွက်ကြပါရန်နှင့် ပါတီApplication များရေးသွင်းရာတွင် ရပ်ကွက်ပါတီဥက္ကဌများ၏ အခန်းကဏ္ဌ ဟာ အရေးကြီးပါကြောင်း ပါတီဝင်အဟောင်း များအား ရပ်ကွက်အလိုက် ကွင်းဆင်းထိ‌တွေ့ပြီး ပါတီဝင်အ‌ဟောင်းအသစ်များ ထည်သွင်းရာတွင် မှတ်ပုံတင်ရှေ့မျက်နှာစာဟာ အရေးကြီးပါကြောင်း ဒါကြောင့်ရပ်ပါတီကော်မတီဥက္ကဌ များဝိုင်းဝန်း ပူးပေါင်းပါဝင်ကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့ပါသည်။

=============================

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ် ပြညိခိုင်ဖြိုးပါတီ မြို့နယ် ရပ်ကွက်လုပ်ငန်းညှိနှိင်း စည်းဝေးပြုလုပ်

 

ရန်ကုန် ဩဂုတ် ၁၅ ရက်

ကမာရွတ်ခရိုင် ကမာရွတ်မြိုနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ မှ မြိုနယ်ပါတီကော်မတီဝင်များနှင့် ရပ်ကွက်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိင်းစည်းဝေးပွဲကို ယနေ့နံနက် (၁၀.၀၀)နာရီအချိန်က ကမာရွတ်မြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုလုပ်ငန်းညှိနှိင်းစည်းဝေးပွဲတွင် ကမာရွတ်ခရိုင်/ကမာရွတ်မြိုနယ် ပါတီဥက္ကဌဒေါ်သီသီမွန် မှရပ်ကွက် ပါတီကော်မတီဝင်များနှင့် စုံညီစွာတွေ့ဆုံရသည့်အတွက်အထူးပင် ဝမ်းသာဂုဏ်ယူပါကြောင်း ပါတီ၏ လုပ်ငန်းစဉ်များ ပြန်လည်ပြီး တက်ကြွစွာလှုပ်ရှားဆောင်ရွက်ကြပါရန်နှင့် ပါတီApplication များရေးသွင်းရာတွင် ရပ်ကွက်ပါတီဥက္ကဌများ၏ အခန်းကဏ္ဌ ဟာ အရေးကြီးပါကြောင်း ပါတီဝင်အဟောင်း များအား ရပ်ကွက်အလိုက် ကွင်းဆင်းထိ‌ေတွ့ပြီး ပါတီဝင်အ‌ေဟာင်းအသစ်များ ထည်သွင်းရာတွင် မှတ်ပုံတင်ရှေ့မျက်နှာစာဟာ အရေးကြီးပါကြောင်း ဒါကြောင့်ရပ်ပါတီကော်မတီဥက္ကဌ များဝိုင်းဝန်း ပူးပေါင်းပါဝင်ကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့ပါသည်။

ဆက်လက်ပြီး မြိုနယ်ပါတီ အတွင်းရေးမှူး စည်းရုံးတာဝန်ခံဦးဗိုလ်စောမှ ရပ်ကွက်အလိုက် ပါတီဝင်ပြီးသူများအားထိတွေ့ဆက်ဆံပြီး ပါတီဝင်စာရင်းအမှန်ရရှိရေး စာရင်းကောက်ယူရင်းတပါတည်း ပါတီဝင် အင်သားသစ်စုဆောင်းရရှိရေးဆောင်ရွက်ရန် ပါတီမှတ်ပုံတင်စာရင်း အသစ် version 2 Application ဖြင့်ပါတီဝင်အင်အား ဖြည်သွင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို အကြယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထိုနောက်တက်ရောက်လာသော မြိုနယ် ရပကွက်ပါတီကော်မတီဝင်များမှ မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ခရိုင်/မြိုနယ်ပါတီ ဥက္ကဌ ဒေါ်သီသီမွန်မှ ပြန်လည်ရှင်းလင်းဆွေးနွေခံပြီး နိဂုဏ်းချုပ်အမှာစကားပြောကြား ကာတွေဆုံဆွေးနွေးပွဲကို နေ့လည်(၁၁.၃၀)နာရီတွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း နှင့်တက်ရောက်သူ(၁၆)ဦးတက်ရောက်ကြောင်းသိရသည်။