မျက်နှာပြင်အပြည့် စမတ်ဖုန်းခေတ်အတွက် အသင့်ဖြစ်နေတဲ့ OPPO F5 Youth

မိုဘိုင်းဖုန်းထုတ်ကုန်တွေရဲ့ရေစီးကြောင်းဟာ ၂၀၁၇ခုနှစ် မကုန်ခင်အချိန်မှာ ပြောင်းလဲမှုတစ်ခုအသွင် အဖြစ်ပေါ်ထွက် လာခဲ့ပါပြီ။ ဖုန်းတစ်လုံးကို ချက်ချင်းကိုင်တွယ်အသုံးပြုချိန်မှာ သိသိသာသာမြင်တွေ့ရတဲ့ အချက်ကတော့ ဖုန်းမျက်နှာပြင်ပါပဲ။ အသုံးပြုသူတွေဟာ ဖုန်းတစ်လုံးရဲ့မျက်နှာပြင်အရွယ်အစားကိုရွေးချယ် လာကြတဲ့အပြင် Full Screen မျက်နှာပြင်အပြည့်ဖုန်းတွေကို ပိုပြီးစိတ်ဝင်တစား စောင့်ကြည့်လာကြ တယ်ဆိုတာကို ဈေးကွက်အခြေအနေတွေအရတွေ့ရှိရပါတယ်။

မိုဘိုင်းဖုန်းသုံးစွဲသူတွေ အနေနဲ့ နည်းပညာအခေါ်အဝေါ်အားဖြင့် bezel less လို့ခေါ်တဲ့ ဘေဘောင် အကျဉ်းဆုံး (ဘေးဘောင်ပျောက်) မျက်နှာပြင်ပါဝင်တဲ့ဖုန်းတွေ ကိုအထူးစိတ်ဝင်စား နေကြတဲ့အတွက် အခု ၂၀၁၇ အကုန်ပိုင်းဟာ Full Screen မျက်နှာပြင်အပြည့် ဘေးဘောင်ပျောက်ဖုန်းတွေ နိုးထလာ တဲ့ခေတ်လို့ ဆိုရမှာပါ။

ဒီလိုအချိန်မှာ OPPO ဟာ ၎င်းတို့ရဲ့ အဓိကအားသာချက်ဖြစ်တဲ့ ကင်မရာနဲ့ Selfie အပိုင်းတွေကို ပိုမိုအဆင့် မြှင့်တင်မှုတွေပြုလုပ်ပြီး ဈေးကွက်ကို ဆက်လက်ဦးဆောင်ဖို့အတွက်ကြိုးပမ်းလာတဲ့နည်းတူ Selfie Expert and Leader ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပိုမိုကောင်းမွန်တဲ့ ထုတ်ကုန်သစ်တွေကို မြန်မာပြည်ဈေးကွက် အတွက် ပါမိတ်ဆက်ပေးသွားဖို့ ရှိနေပါတယ်။

ဒါကြောင့် OPPO က F5 Youth ထုတ်ကုန်သစ်တစ်မျိုးကို သိပ်မကြာတော့တဲ့အချိန်မှာ မြန်မာပြည်ဈေးကွက် အတွက် မိတ်ဆက်ပေးသွားတော့မှာဖြစ်ပြီး ဒီထုတ်ကုန်မှာမျက်နှာ ပြင်အပြည့်ခေတ်ကိုပိုမိုပေါ်လွင်သွားစေမယ့် 18:9 aspect ratio ရှိတဲ့ Full Screen display အမျိုးအစားကိုအသုံး ပြုလာမှာဖြစ်ပါတယ်။ ဒီဖုန်းမှာ မျက်နှာပြင်အရွယ်အစား ၆ လက်မနဲ့ နဲ့ရုပ်ထွက်အရည်အသွေးက FHD+ (1080×2160) အထိရှိမှာ ဖြစ်ပါတယ်။

ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ Selfie ရိုက်ကူးခြင်းအပိုင်းအတွက် A.I Beauty Technology နည်းပညာသစ် ပါဝင်မယ့် အချက်ပဲဖြစ်ပါတယ်။ ဒီဖုန်းမှာ ပါဝင်လာမယ့် နည်းပညာတွေနဲ့ ကင်မရာ ဓာတ်ပုံအရည်အသွေးတွေ၊ စွမ်းဆောင်ရည်တွေဟာ ဘယ်လောက်အထိ အထောက်အကူ ပြုနိုင်မယ် ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ကြရမှာပါ။