10800mAh Battery နဲ့ 108MP ကင်မရာ ပါတဲ့ Doogee S100 ကို ရောင်းပြီ

Doogee က အကြမ်းခံတဲ့ S100 ကို ရောင်းချပေးလိုက်ပြီး 10800mAh Battery နဲ့ 108MP ကင်မရာ ပါလာပါတယ်။ ၂၅၀ ဒေါ်လာ သတ်မှတ်ထားပြီး 6.58 Inch မျက်နှာပြင် တပ်ဆင်ထားကာ 120Hz Refresh Rate ပါပါတယ်။ မျက်နှာပြင်ကို Gorilla Glass နဲ့ ကာကွယ်ထားပါတယ်။

MediaTek Helio G99 Octa-core Chipset မောင်းနှင်ထားပြီး 12GB LPDDR4x RAM ပါတဲ့အပြင် 20GB RAM အထိ တိုးမြှင့်နိုင်ပါတယ်။ 256GB Storage ပါလာပြီး 2TB microSD Card စိုက်နိုင်ပါတယ်။

10800mAh Battery က တစ်ခါအားသွင်းထားရင် ရက်တော်တော်ကြာ အသုံးပြုနိုင်ပြီး 66W Fast Charging ပါပါတယ်။ 108MP Main ကင်မရာ တပ်ထားတာက အကြမ်းခံ ဖုန်း ဈေးကွက်မှာ ရှားပါးပါတယ်။ 20MP Night Vision , 16MP Ultrawide ကင်မရာတွေနဲ့ အနောက်ဘက်ကို အားဖြည့်ထားပြီး ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပါတယ်။

အကြမ်းခံဖုန်း ဖြစ်ပြီး IP68/ IP69K နဲ့ MIL-STD 810H စံနှုန်းတွေ ပါပါတယ်။ အပူချိန် အလွန်မြင့်မားတာနဲ့ ဆိုးဝါးတဲ့ ရာသီဥတုဒဏ်တွေ၊ တုန်ခါမှုတွေကို ခံနိုင်ပါတယ်။

Ref : gizmochina