မောင်တောမြို့နယ်တွင် ၂၆ ရက်အတွင်း NVC ကတ်ပြုလုပ်သူ ၅၀၀ ကျော်ရှိ

မောင်တောမြို့နယ်တွင် နိုင်ငံသားစိစစ်ခံရမည့်သူများ၏ သက်သေခံလက်မှတ် (NVC) ပြုလုပ်သည့် ဘင်္ဂါလီ ဦးရေ ၂၆ ရက် အတွင်း ၅၀၀ ကျော်ရှိကြောင်း မောင်တောခရိုင် လူဝင်မှုကြီးကြပ် ရေးဆိုင်ရာဦးစီးမှူးရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင် ရာဦးစီးဌာနမှူးရုံးနှင့် ခရိုင်၊ မြို့ နယ်ရုံးများမှ တာဝန်ရှိသူများ သည် အောက်တိုဘာ ၁၂ ရက်မှ စတင်ကာ မောင်တောမြို့နယ်ရှိ ကျေးရွာများသို့ NVC ကတ်များ ကွင်းဆင်းပြုလုပ်ပေးနေပြီး နိုဝင် ဘာ ၆ ရက်ထိ ၅၂၄ ဦးကို NVC ကတ်ထုတ်ပေးနိုင်ခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူကဆိုသည်။

NVC ကွင်းဆင်းပြုလုပ်ပေး ရာတွင် အခက်အခဲအဖြစ် NVC ကတ်ပြုလုပ်လိုသူများနှင့် ပြုလုပ် ရန် လူစု ပေးသည့် ရပ်ရွာလူကြီး များကို ဘင်္ဂါလီအချို့နှင့် အကြမ်း ဖက်သမားအချို့က ခြိမ်းခြောက် မှုများရှိနေကြောင်း ကွင်းဆင်းအ ဖွဲ့တွင်ပါဝင်သည့် လ၀ကအရာရှိ တစ်ဦးက ပြောသည်။

မောင်တောဒေသရှိ ဘင်္ဂါလီ များအား နိုင်ငံသားစိစစ်ခံရမည့် သက်သေခံကတ်ပြား(NVC) ထုတ်ပေးမှုများကို ယာယီသက် သေခံလက်မှတ် သက်တမ်းကုန် ဆုံးသည့် ၂၀၁၅ မေလ ၃၁ ရက်ကစတင် ဆောင်ရွက်ပေးနေ သည်။ သို့သော် ယာယီသက်သေခံ လက်မှတ်အပ်နှံထားသူဦးရေ လေးသိန်းခန့်ရှိသည့်အနက် NVC ကတ် လျှောက်ထားသူဦးရေသည် ခြောက်ထောင်ကျော်သာရှိသဖြင့်နိုင်ငံတော်သမ္မတရုံးက ပြီးခဲ့သည့် မေလ ၈ ရက် တွင် နိုင်ငံသားစိစစ်ခံရမည့် သက်သေခံကတ်ပြား (NVC) ထုတ်ပေးရေး ဦးဆောင် အဖွဲ့ ဖွဲ့စည်းကာ စတင် ကွင်းဆင်း ဆောင်ရွက်နေသည်။