သိပ္ပံပညာရှင်တွေက ကမ္ဘာ့ အကြီးမားဆုံး ဒစ်ဂျစ်တယ် ကင်မရာကို ပြသ

Stanford University ရဲ့ SLAC National Accelerator Laboratory က Legacy Survey of Space and Time (LSST) ကင်မရာကို ဖန်တီးထားပြီး ညဘက်ကောင်းကင်ယံရဲ့ ရုပ်ပုံတွေကို ဖမ်းယူဖို့ ရည်ရွယ် တည်ဆောက်ထားတာပါ။

ကင်မရာကို ပြီးပြည့်စုံအောင် မတည်ဆောက်ရသေးပေမယ့် အစိတ်အပိုင်းအားလုံးကို တပ်ဆင်ထားပြီးပါပြီ။ တီထွင်သူ အဖွဲ့က မီဒီယာတွေကို ဖိတ်ခေါ်ကာ ကင်မရာကို ပြသခဲ့ပြီး CCDs လို့ ခေါ်တဲ့ ဆန်ဆာ ၁၈၉ လုံး ပါတဲ့ အထင်ကြီးစရာ Focal Plane ကို လေ့လာလို့ရလာပါတယ်။

ကင်မရာရဲ့ အရှည်ဟာ ၁.၆၅ မီတာ ရှိပြီး ကမ္ဘာ့ အကြီးမားဆုံး ဒစ်ဂျစ်တယ် ကင်မရာ ဖြစ်ပါတယ်။ ကင်မရာကို ၂၀၂၄ ခုနှစ် အကုန်မှာ ချီလီရှိ Cerro Pachon တောင်ထိပ်က Vera C. Rubin Observatory မှာ တပ်ဆင်မှာ ဖြစ်ပါတယ်။

3200MP ကင်မရာ ဖြစ်ပြီး ၁၅ မိုင် အကွာအဝေးက ဂေါက်သီး ဘောလုံးကို ဖမ်းယူနိုင်လောက်အောင် စွမ်းရည် မြင့်မားပါတယ်။ ကင်မရာဟာ အရွယ်သေး ကားတစ်စီးစာလောက် ရှိပြီး Len ရဲ့ အချင်းဟာ ၅ ပေကျော် ရှိပါတယ်။ ကင်မရာကို တည်ဆောက်ပြီးစီးရင် Rubin Observatory ကနေ ညဘက် ကောင်းကင်ယံကို လေ့လာစူးစမ်းနိုင်မှာပါ။ ကင်မရာကို ၂၀၂၃ ခုနှစ် မေလမှာ တည်ဆောက်ပြီးစီးမှာ ဖြစ်ပါတယ်။

Ref : inceptivemind