တာချီလိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ အန္တိမဈာပနပွဲတွင် ပါဝင်ဖူးမျှော်ခြင်းဖြင့် စတုဒီသာ ကုသိုလ်ပြုခဲ့

(၁၅-၁၀-၂၀၁၇)ရက်နေ့၊ နံနက်(၇း၃၀) တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းသည် တာချီလိတ်ခရိုင် ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ ဘဏ္ဍာရေးမှူး ဦးဝေယံဦး၊ ခရိုင်ကော်မတီဝင် ဦးစိုင်းလုံထီ၊ ဒေါ်နန်းဝိုးလှိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ကော်မတီဝင် ဦးအောင်ဝင်း၊ ဦးခင်မောင်ထွန်း၊ ဦးစိုးကျော်အောင်၊

ဦးခင်မောင်လွင်၊ ဒေါ်နန်းခင်စိန် နှင့် မြို့နယ်(အရန်)ကော်မတီဝင်များ၊ အမျိုးသမီးအဖွဲ့များ၊ ပါတီလူငယ်များ အင်အား(၃၀)ဦးတို့သည် ကျိုင်းတုံမြို့တွင် ကျင်းပပြုလုပ် သော ဓမ္မာဒယပရယတ္တိစာသင်တိုက် ဦးစီးပတန နာယက ဆရာတော်၏ ရုပ်ကလပ်တော် အန္တိမဈာပနပူဇာသဘင်သို့ ကား(၅)စီးဖြင့် သွားရောက် ဖူးမျှော်ခြင်း၊ စတုဒီသာကုသိုလ်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

စတုဒီသာကုသိုလ်ပြုရာတွင် ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်း (မိသားစု)မှ ကျပ် (၃) သိန်း၊ ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကျပ် (၁) သိန်း စုစုပေါင်း ကျပ် (၄) သိန်းတန်ဖိုးရှိ အအေး၊ လက်ကိုင်ပုဝါ အထုတ်ပေါင်း (၁)ထောင် ကျော် ကုသိုလ်ပြုလှူဒါန်းခဲ့ပါသည်။

တာချီလိတ်ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နှင့် ရွှေပြည်တော်သို့ ဆုံမှတ် ပရဟိတမှ (နာယက) ဦးတိုးလှိုင်နှင့် ကော်မတီ (၂၈) ဦး၊ ကား (၄) စီး၊ မေတ္တာရှင်လူမှုကူညီရေးအသင်း ဒု-ဥက္ကဋ္ဌ ဦးကျော်စွာဝင်းနှင့် ကော်မတီဝင် များ၊ အသင်းသား အင်အား (၃၅) ဦး မှ ကား(၃)စီးဖြင့် အတူတကွ သွားရောက်ခဲ့ကြပါသည်။

ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိတ မှ ကျပ်(၁၀)သိန်းတန်ဖိုးရှိ M-150 အချိုရည်နှင့်စနိုးတာဝါများ လှူဒါန်းခဲ့သလို မေတ္တာရှင်လူမှုကူညီရေးအသင်း မှ ကျပ်(၄)သိန်းတန်ဖိုးရှိ မုန့်၊ အအေး၊ ရေသန့်များ ကုသိုလ်ပြု လှူဒါန်းခဲ့ ကြောင်းသိရရှိရပါသည်။