ခရိုင်နှင့်မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လွိင်လင်  မတ် ၆

လွိင်လင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းငြိမ်းနှင့် ခရိုင်ပါတီကော်မတီဝင် လွိင်လင်မြို့နယ်တာဝန်ခံ ဦးအေးကြူ၊ လွိင်လင်မြို့နယ်ပါတီဥက္ကဋ္ဌဒေါ်နန်းစံညွန့်တို့သည် ၆.၃.၂၀၂၃ ရက်နေ့တွင် လွိင်လင်ခရိုင်ပါတီရုံး အစည်းအဝေး ခန်းမ၌ နံနက်(၁၀:၀၀)မှ စတင်ပြီး မြို့နယ်ပါတီကော်မတီဝင်များ၊ အရံပါတီကော်မတီဝင်များနှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မတီဝင်များစုစုပေါင်း (၂၅)ဦးဖြင့် ပါတီလှုပ်ရှားဆောင်ရွက်မှုများကို ညှိနှိင်းဆွေးနွေးခဲ့ ကြပါသည်။ ဆက်လက်ပြီး (၂၄.၂.၂၀၂၃)ရက်နေ့၌ ကျင်းပခဲ့သော ပြည်နယ်အစည်းအဝေးမှ လမ်းညွှန်ချက်များကို ဆွေးနွေးခဲ့ ကြပြီး အစည်းအဝေးကို နေ့လည်(၁၂:၀၀)နာရီတွင်ရုတ်သိမ်းခဲ့ပါသည်။