ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ တာချီလိတ် ခရိုင် မြို့နယ် ရပ်ကျေး ပါတီကော်မတီများနှင့်တွေ့ဆုံ

 

တာချီလိတ် ဇန်နဝါရီ ၂၄

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ရှမ်းပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်းနှင့် ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးပါတီကော်မတီ ဝင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီက တာချီလိတ်မြို့ မကာ ဟိုခမ်းရပ်ကွက်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရှမ်းပြည် နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်း နှင့်အတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များဖြစ်သည့် ဦးစိုင်းလှဝင်း၊
ဦးအားမဲ၊ ဦးအားကို၊ ဦးစိုင်းကျောက်၊ ဦးတင်ဝင်း၊ ဦးစိုင်းဝန်းဆမ်၊ ဦးစိုင်းလှိုင် ခမ်း၊ ဦးဒါဝိဒ်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ ခရိုင်အတွင်းရေးမှူး ဦးဟန်ဦးနှင့် ခရိုင် ကော်မတီဝင်များ၊ ခရိုင်အရန်ကော်မတီဝင် များ၊ ရပ်/ကျေးဥက္ကဋ္ဌနှင့်ကော်မတီဝင်များ စုစုပေါင်းအင်အား ၆ဝ တက်ရောက်ခဲ့ ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ခရိုင်၊ မြို့နယ်ပါတီမှ တစ်ဦးချင်းမိတ်ဆက်ပြီး ပြည်နယ်ပါတီ ဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များက ပြန်လည်မိတ်ဆက်နှုတ်ခွန်း ဆက်စကားများ ပြောကြားကာ ပြည် နယ်လွှတ်တော်တွင် ပါဝင်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြား ခဲ့သည်။

ဆက်လက်၍ ခရိုင်ပါတီဥက္ကဋ္ဌဦးဘိုစံ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ် ကော်မတီဝင် ဦးအောင်ထန်တို့က လိုအပ် သည်များကို တင်ပြသည်။ တင်ပြချက်များ အပေါ် ပြန်လည်ရှင်းလင်းမှုများဆောင်ရွက် ပြီး ရှမ်းပြည်နယ်ပါတီဥက္ကဋ္ဌနှင့် လွှတ် တော်ကိုယ်စားလှယ်အဖွဲ့က ငွေကျပ် ၅ဝဝဝဝ တန်ဖိုးရှိ ဗ၄ စာရွက်နှစ်ဖာကို ပေးအပ်လှူဒါန်းရာ ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံနှင့် အတွင်းရေးမှူး ဦးဟန်ဦး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်းတို့ က လက်ခံရယူသည်။ ထို့နောက် ရှေ့လုပ်ငန်း စဉ်များ ညှိနှိုင်းတွေ့ဆုံပွဲအား မွန်းလွဲ ၂ နာရီခွဲတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။