မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီတောင်သူလယ်သမားများနှင့်တွေ့ဆုံ

 

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဇော်လွင်၊တောင်သူလယ် သမားရေးရာတာဝန်ခံဦးကံရွှေနှင့် မြို့နယ်သတင်းမီဒီယာတာဝန်ခံ ဦးခင်မောင်ရွှေတို့သည် ယမန်နေ့ က ခိုတာကျေးရွာအုပ်စု ခိုတာ ကျေးရွာရှိ နွေစပါးစိုက်တောင် သူများနှင့်တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် မြို့နယ်ပါတီ ဥက္ကဋ္ဌက ”ယခုလာရောက်ရခြင်း အကြောင်းရင်းကတော့ ခိုတာ ကျေးရွာရှိ နွေစပါးစိုက်တောင်သူ များအနေဖြင့် ယခင်ကနွေစပါးနှင့် ငါးအင်းနယ်နိမိတ်အငြင်းပွားနေမှု များကို နွေစပါးစိုက်ပျိုးမြေနှင့်အင်း နယ်နိမိတ်များ သီးခြားစီဖြစ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ နွေစပါးစိုက်ပျိုးမြေများသည် ရေ ကျန်များဖြင့်စိုက်ပျိုးရပြီး တဖြည်း ဖြည်းတိမ်ကောလာသည့်အတွက် နွေစပါးကို အနည်းငယ်သာ စိုက် ပျိုးနိုင်သဖြင့် နွေစပါးစိုက်ပျိုးမြေ ကို ယာမြေအဖြစ်ပြောင်းလဲပေး ရေးနှင့် မြေစာရင်းပုံစံ (၁ဝ၅) ရရှိ ရေးအတွက် ကူညီပေးရန်စည်း ရုံးရေးမှူးဦးလင်းလင်း၏ သတင်း ပေးမှုကြောင့် လာရောက်ရခြင်း ဖြစ်ပါကြောင်း၊ ခိုတာကျေးရွာမှ မဘိမ်း-ငါးအိုးဆက်သွယ်သည့် လမ်းနှစ်မိုင်ရရှိရေး ကျေးလက်ဦး စီးဌာနနှင့်ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ တောင်သူဦးစောဝင်းက”ယခုလို ပြည်ခိုင်ဖြိုးပါတီမှ တောင်သူတွေ ရဲ့အခက်အခဲကိုလာရောက်ကူညီ ပေးခဲ့တဲ့အတွက်အများကြီးကျေးဇူး တင်ပါတယ်။ အရင်နွေစပါး တောင်သူနဲ့အင်းသမားနဲ့ အမြဲ စကားများရတယ်။ အခုတော့ စိတ် အေးရပါပြီ။ နောင်ကိုလည်းရပ်ရွာ လိုအပ်ချက်များကို ကူညီပေးပါ ဦး”ဟုပြောကြားခဲ့သည်။ တွေ့ဆုံ ပွဲသို့ တောင်သူ ၄၆ ဦးတက် ရောက်ခဲ့ကြောင်းသိရသည်။

ဇော်လွင်(မဘိမ်း)