မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီလူငယ်လှုပ်ရှားမှုအဖြစ် ပုပ္ပားတောင်မကြီးတောင်တက်ခရီးစဉ်ဆောင်ရွက်

 

မန္တလေးတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဦးဆောင်စီစဉ်မှုဖြင့် တိုင်းဒေသကြီးပါတီအတွင်းရှိ ခရိုင် နှင့် မြို့နယ်အသီးသီးမှ ပါတီဝင်လူ ငယ်များအား ချစ်ကြည်ရင်းနှီး စည်းလုံးမှုရှိစေရန် ရည်ရွယ်၍ လူငယ်လှုပ်ရှားမှုအဖြစ် ပုပ္ပား တောင်မကြီး တောင်တက်ခရီးစဉ် ကို ယမန်နေ့က ပြုလုပ်ဆောင် ရွက်ခဲ့သည်။
ပုပ္ပားတောင်တက်ခရီးစဉ်ကို တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသည့် ဒေါ်သိင်္ဂီအောင်(တိုင်းဒေသကြီး လူငယ်တာဝန်ခံ)၊ဦးမြတ်သူ၊ဦးတင့် လွင်ဦးနှင့်တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ် အသီးသီးမှ လူငယ်တာဝန်ခံများ၊ ပါတီဝင် လူငယ်မောင်မယ်များ စုစုပေါင်းအင်အား ၂၇ဝ သည် သက်ဆိုင်ရာ နယ်မြေအသီးသီးမှ ထွက်ခွာလာပြီးနောက် ယခုလ ၂၁ ရက်တွင်စုရပ်ဖြစ်သည့်ညောင်ဦး မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် စုပေါင်းကာ ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေအတွင်းရှိရွှေစည်းခုံ၊ ထီးလိုမင်းလိုနှင့် ရွှေဆံတော်ဘုရား များအား ဖူးမြော်ကြည်ညို၍ ပုပ္ပား ဒေသသို့ဆက်လက်ထွက်ခွာရောက် ရှိခဲ့သည်။

ဆက်လက်၍ ပုပ္ပားတောင်ခြေ ရှိ တည်းခိုဆောင်များတွင် ခေတ္တ တည်းခိုညအိပ်ရပ်နားမည်ဖြစ်ကာ ယခုလ ၂၁ရက် ညနေပိုင်းတွင် ပုပ္ပားတောင်ကလပ်ပေါ်သို့ တက် ရောက်၍ တောင်ကလပ်ပေါ်ရှိ ဓမ္မာရုံတွင် လူငယ်တွေ့ဆုံပွဲကို ပြုလုပ်ခဲ့ပြီး တွေ့ဆုံပွဲတွင်ပါတီ ဝင်လူငယ်များသည် ကျပန်းစကား ပြောပြိုင်ပွဲများနှင့်သီချင်းဆိုပြိုင်ပွဲ များပြုလုပ်ခဲ့ရာ ဆုရရှိသူများအား တိုင်းဒေသကြီး ပါတီအတွင်းရေး မှူး ဦးအောင်ကျော်မိုးနှင့် တိုင်း ဒေသကြီးပါတီကော်မတီဝင်များက ဆုများအသီးသီး ပေးအပ်ချီးမြှင့် ခဲ့သည်။

ထို့နောက် ယမန်နေ့နံနက် ၇ နာရီတွင်ပုပ္ပားတောင်မကြီး တောင် ခြေစုရပ်တွင်စုရုံး၍ တောင်တက် ခရီးစဉ်ကို ပါတီဝင်လူငယ်များမှ ပျော်ရွှင်စွာဖြင့် စတင်ခဲ့ကာ နံနက် ၁ဝ နာရီတွင် အမြင့်ပေ ၄၉၈၁ ပေမြင့် ပုပ္ပားတောင်မကြီး တောင် ထိပ်ပေါ်သို့ ရောက်ရှိခဲ့ကာ လူငယ် လှုပ်ရှားမှုအဖြစ် ပုပ္ပားတောင်မကြီး တောင်တက်ခရီးစဉ်အား အောင် မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

သုတ