ပြည်ခိုင်ဖြိုးပါတီ၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် အမျိုးသမီးထုနှင့် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်

 

ဇူလိုင် ၃၊ မှော်ဘီ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်၊ တိုင်းပါတီကော်မတီဝင် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်စန်းစန်းဝင်း၊ မြောက်ပိုင်းခရိုင် ပါတီကော်မတီဝင် ဒေါ်ချမ်းမြအေးနှင့် မှော်ဘီ မြို့နယ်၊ အမျိုးသမီးရေးရာ အဖွဲ့တို့၏ တွေ့ဆုံဆွေးနွေး စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက မှော်ဘီမြို့နယ်၊ မြောင်းတကာ စံပြကျေးရွာ၊ ဇေယျသိဒ္ဓိ သိမ်ကျောင်းတိုက်၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်က ယနေ့မျက်မှောက် ခေတ် မြန်မာ့နိုင်ငံရေးအခြေအနေများနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ အမျိုးသမီးများ၏ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေအပေါ် ကြုံတွေ့ခံစားနေရသည့် အခြေအနေများ၊ သဘောထားရပ်တည်ချက်များ၊ ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တက်ရောက်လာသူများနှင့် အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။သတင်း/ဓာတ်ပုံ- ဖြိုးဝေလင်း