ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲအခမ်းအနား တက်ရောက်

 

နေပြည်တော် ဖေဖော်ဝါရီ ၁၂

(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဂုဏ်ပြု ညစာစားပွဲကို ယမန်နေ့ ညပိုင်းတွင်နေ ပြည်တော်ရှိ မြို့တော်ခန်းမဥပစာ ရင်ပြင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး တက်ရောက်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းကလည်း နေပြည်တော် မြို့တော်ခန်းမ၌ ကျင်းပသည့် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်း အနားတွင် နိုင်ငံတော်အလံအား လွှင့်တင်ခဲ့ပြီး အခမ်းအနားတက်ရောက်သူများက နိုင်ငံတော်အလံကို အလေးပြုကြသည်။ ထို့နောက် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဆက်လက်ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုအဆင့် ဖိတ်ကြားထားသူများ၊ တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။