မင်းဘူး(စကု)မြို့နယ် အိုးပြင်မဲကျေးရွာ မီးလောင်မှုအိမ်ခြေ ၇၀ ခန့်ဆုံးရှုံး

မင်းဘူး(စကု)မြို့နယ် ၊ အိုင်းမကျေးရွာအုပ်စုထဲက အိုးပြင်မဲကျေးရွာမှာ ဒီနေ့ ညနေ ၅နာရီလောက်က တောမီးက တစ်ဆင့် ကူးစက်ပြီးလူနေအိမ်ခြေ ၇၀ ဝန်းကျင်ခန့်မီးလောင်ကျွမ်းဆုံးရှုံးသွားတယ်လို့ မကွေးတိုင် မီးသတ်ဦးစီးဌာနကသိရပါတယ်။

တောမီးလောင်ကျွမ်းရာကနေအိုးပြင်မဲကျေးရွာနေဦးတင်ရွှေအသက်(၅၂)ပိုင်သက်ကယ်မိုး၊ဝါးထရံကာနွားတင်းကုတ်ပေါ်မီးပွားများကျရောက်ကူးစက်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့မီးသတ်ဦးစီးဌာနကသိရပါတယ်။

လောင်တဲ့နေရာက ဆည်တော်အပန်းဖြေစခန်းနဲ့ နီးတာကြောင့် ဒေသခံတွေရော ၊ အပန်းဖြေ လာကြတဲ့သူတွေပါ ထိန့်လန့်တကြား ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီမီးလောင်မှုဖြစ်စဉ်ကို မကွေး၊မင်းဘူး၊စကု၊ရွှေစက်တော်နယ်မြေ၊ထောက်ရှာပင်ရေနံမြေတို့မှ စုစုပေါင်း မီးသတ်ယာဉ်(၁၂) စီး၊ မီးသတ်တပ်ဖွဲ့ဝင်သန္ဓေ(၄၀)၊အရန်(၂၀)စုစုပေါင်းအင်အား(၆၀)တို့ဖြင့် သွားရောက် ငြိမ်းသတ်ခဲ့ပြီး ညနေ(၆)ခန့်မှာမီးထိန်းနိုင်ခဲ့ကာ လက်ရှိအချိန်မှာတော့မီးကြွင်း၊ မီးကျန်တွေကို ဆက်လက် ငြိမ်းသတ်နေတယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ကနဦးပျက်စီးဆုံးရူံးမှုတန်ဖိုးကျပ်သိန်း(၁၀၀) ကျော်ခန့် ရှိနိုင်ကြောင်း ခန့်မှန်ထားတယ်လို့ သိရပါတယ်။

one news