ပြည်ထောင်စုနေ့အထိမ်းအမှတ် တောင်ပေါ်တိုင်းရင်းသားများ နေပြည်တော်လာရောက်လေ့လာ

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂

၇၃ နှစ်မြှောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ တောင်ပေါ်ဒေသ တိုင်းရင်းသားများ နေပြည်တော်လေ့လာရေးခရီးစဉ် လာရောက်တဲ့ လူငယ်တွေကို ဂုဏ်ပြု ညစာစားပွဲကို ပြည်ခိုင်ဖြိုးပါတီ ဌာနချူပ်မှာရှိတဲ့ သင်တန်းခန်းမမှာ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားကို ပြည်ထောင်စုနယ်မြေတာဝန်ခံ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်မူဆောင် ဦးဝေလွင် တက်ရောက်ခဲ့ပြီး ဂုဏ်ပြုလက်ဆောင်များ အပြန်အလှန် ပေးအပ်ခဲ့ကြပါသည်။

နေပြည်တော်လေ့လာရေး ခရီစဉ်လာရောက်တဲ့ ကရင်တိုင်းရင်းသား လူငယ်လေးအဖွဲ့အနေနဲ့ နေပြည်တော်ရှိ စေတီပုထိုးများ၊ စစ်သမိုင်းပြတိုက်အပါအဝင် အခြားလည်ပတ်စရာနေရာများကို သွားရောက်ခဲ့ပြီး အလည်အပတ် နှစ်ရက်ကြာ လာရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။