စစ်တွေ ပြည်ခိုင်ဖြိုး ဝါဆိုသင်္ကန်းကပ်လှူ

စစ်တွေ၊ ဩဂုတ် ၄

စစ်တွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ ဩဂုတ်လ ၄ ရက်နေ့ (ဝါဆိုလဆန်း ၈ ရက်နေ့) နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြသည်။

စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်၊ သာသနာ့ဗိမာန်ကျောင်းတိုက်ရှိ ကျောင်းထိုင်ဆရာတော်ကြီးနှင့် သံဃာတော် အရှင်သူမြတ်များ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။ထို့နောက် ကျောင်းတိုက်ရှိ ဆရာတော်သံဃာတော်များနှင့် ဥပုသ်သီလဆောက်တည်ရန် ရောက်ရှိလာကြသော ဥပုသ်သည်များကို ဆွမ်းဘောဇဉ်များနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းကျွေးမွေးခဲ့ကြသည်။

ဝါဆိုသင်္ကန်ဆက်ကပ်လှူဒါန်းရာသို့ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ၊ ပြည်နယ်ပါတီ ဘဏ္ဍရေးမှူး ဦးသန်းထွန်း၊ပြည်နယ်ကော်မတီဝင်)ဒေါ်အေးမာခင် (စစ်တွေမြို့နယ်တာဝန်ခံ)၊ စစ်တွေခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်စိုး၊ စစ်တွေခရိုင်အတွင်းရေးမှူးဒေါ်မြမြအေးနှင့် စစ်တွေခရိုင်ဘဏ္ဍာရေးမှူး ဦးစောသိန်းထွန်း၊ စစ်တွေမြို့နယ်ပါတီ ဥက္ကဋ္ဌဦးကျော်စိန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီအမျိုးသမီးရေးရာအဖွဲဝင်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ ပြည်ခိုင်ဖြိုးအသင်းကာလ အလုပ်အမှုဆောင်များ တက်ရောက်ပြီး လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

#စစ်တွေမြို့နယ်ပြည်ခိုင်ဖြိုး