မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ကမာဝက်မြို့ မြို့လုံးကျွတ် ဆွမ်းဆန် စိမ်း လောင်းလှူပွဲသို့ တက်ရောက်လောင်းလှူ

 

မွန်ပြည်နယ် မုဒုံမြို့နယ်ကမာဝက်မြို့ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ၂၀၁၇ခုနှစ် စက်တင်ဘာ (၁၂) ရက်နေ့ နံနက် (၁၁း၃၀)နာရီချိန်တွင်စတင်ပြုလုပ်ရာ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအောင်ကြည်သိန်း တက်ရောက်ကာ သံဃာတော်၊ သာမဏေ၊ သီလရှင် များအား ဆွမ်းဆန်စိမ်း လောင်လှူခဲ့သည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် ပြည်နယ်ပါတီကော်မတီဝင် ဦးဇော်မြင့်၊ မော်လမြိုင်ခရိုင်ကော်မတီဝင် ဦးမင်းအောင်မြင့်၊ မုဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကျော်ကျော်လွင်မြို့နယ် ပါတီအတွင်းရေးမှူး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ကမာဝက်မြို့မှ စည်းမှူးများနှင့် ပါတီဝင် များက သံဃာ၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၈၀၀၀) ကျော်အား ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့  ကြသည်။

#naylinnhtun