ကွမ်းခြံကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သတ္တမအကြိမ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းသိမ်းအောင်ပွဲရေစက်ချမင်္ဂလာကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီးကွမ်းခြံ ကုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင်လင်းနှင့် အတွင်းရေးမှူး ဦးစိုးသိဏ်း၊မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ ပါတီဝင်များစုပေါင်း၍ ကွမ်းခြံကုန်း မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၂၄ ကျောင်း၊ သီလရှင်ငါးကျောင်းတို့မှ သံဃာတော်နှင့် သီလရှင် အပါး ၅ဝဝကျော်တို့အား ယမန်နေ့ နံနက် ၅နာရီက ဝါတွင်းကာလ တတိယ အကြိမ် အရုဏ်ဆွမ်း လောင်းလှူခဲ့ကြသည်။

ဆက်လက်ပြီး နံနက် ၁ဝနာရီတွင် ပင့်သံဃာငါးပါးကို မြို့နယ် ပါတီရုံး၌ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပြီး လှူဖွယ်ပစ္စည်းအစုစုတို့ ဖြင့် သတ္တမအကြိမ်ဝါဆို သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲနှင့် ဆွမ်းသိမ်း အောင်ပွဲရေစက်ချမင်္ဂလာပွဲကျင်းပခဲ့ရာ အဆိုပါလှူဒါန်းပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိတ်ဖက်နိုင်ငံရေးပါတီများ၊လူမှုရေးအသင်း အဖွဲ့များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များတက် ရောက်ပြီး သာဓုအနုမောဒနာခေါ် ဆိုပြီး ရေစက်သွန်းချလှူဒါန်းခဲ့သည်။ ထို့နောက် မြို့နယ်ပါတီရုံးမှတက် ရောက်လာကြသော ဧည့်သည်တော်ကြီးများအား အကျွေးအမွေး ဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။

ဌေးလှိုင်(ကွမ်းခြံကုန်း)