စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ရွှေဘိုခရိုင်အတွင်းရှိမြို့နယ်များတွင်ကျင်းပပြုလုပ်သည့် ရပ်/ကျေးဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲတက်ရောက်

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမြင့်သိန်းသည်  ၂၂-၂-၂၀၁၈ ရက်နေ့နှင့် ၂၃-၂-၂၀၁၈ ရက်နေ့များတွင် ရွှေဘိုခရိုင်အတွင်းရှိ ရေဦးမြို့နယ်၊ ဒီပဲယင်းမြို့နယ်နှင့်ဝက်လက်မြို့နယ်ပါတီရုံးများ၌ ကျင်းပပြုလုပ်သည့် ရပ်/ကျေး ပါတီဥက္ကဌများ တာဝန်ပေးအပ်ပွဲများသို့ တတ်ရောက်၍ အမှာစကားပြောကြားခဲ့ကာ ခန့်အပ်လွှာများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အဆိုပါတာဝန်ပေးအပ်ပွဲများသို့ တိုင်းပါတီဥက္ကဌနှင့်အတူ တိုင်းပါတီကော်မတီဝင် ရွှေဘိုခရိုင်တာဝန်ခံဦးသန်းဝင်းထွန်း၊ရွှေဘိုခရိုင်ပါတီဥက္ကဌ ဦးစိုးအေးနှင့်ခရိုင်ပါတီကော်မတီဝင်များ ၊မြို့နယ်ပါတီ ဥက္ကဌများ၊မြို့နယ်ကော်မတီဝင်များ၊မြို့နယ်အသီးသီးရှိ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ရပ်/ကျေးပါတီ ဥက္ကဌများ
တတ်ရောက်ခဲ့ကြပါသည်။