ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ထုံးကြီးအထကနှင့် ကျောက်တန်းအထကတို့အတွက် နှာခေါင်းစည်းများလှူဒါန်း

ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ  COVID-19 ကာကွယ်နိုင်ရန်အတွက် အခြေခံပညာကျောင်းများတွင် နှာခေါင်း စည်းများလှူဒါန်းပေးခြင်း၊ ပိုးသတ် ဆေးပက်ဖျန်းပေးခြင်းများ လုပ်ဆောင်ပေးလျက်ရှိသည်။ ယမန်နေ့ နံနက်ပိုင်းက ပဲခူး မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာ ထူးခြားအောင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များသည် ထုံးကြီး ကျေးရွာ အခြေခံပညာအထက် တန်းကျောင်းနှင့် ကျောက်တန်း ကျေးရွာ အခြေခံပညာ အထက် တန်းကျောင်းများသို့ သွားရောက် ပြီး ကျောင်းသား ကျောင်းသူများ နှင့် ဆရာဆရာမများ COVID-19 ကာကွယ်နိုင်ရန်အတွက် တစ် ကျောင်းလျှင် နှာခေါင်းစည်း အခု ၁ဝဝဝစီတို့ကို သက်ဆိုင်ရာကျောင်း အုပ်ကြီးများထံသို့ လှူဒါန်းပေးခဲ့ ကြကြောင်း သိရသည်။