ဆူပူမှုတွေမှာ ပြည်ခိုင်ဖြိုးပါတီက ပါဝင်ပတ်သတ်မှု လုံးဝမရှိဘူးလို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

 

လက်ရှိဖြစ်ပေါ်နေတဲ့ ဆူပူမှုတွေနဲ့ ပတ်သတ်ပြီး ပြည်ခိုင်ဖြိုးပါတီက ပါဝင်ပတ်သတ်မှုလုံးဝမရှိဘူးလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောပါတယ်။

”USDP ပါတီအနေနဲ့ လက်ရှိဆူပူမှုတွေမှာ ပါဝင်ပတ်သတ်မှုက လုံးဝမရှိပါ ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကို ကာကွယ်ရမှာ တာဝန်ရှိပါတယ်။ အဲဒီလိုတာဝန်ရှိတဲ့အလျောက် သူ့ ပုဂ္ဂလိ က ခံစားချက်အရ ဆောင်ရွက်တဲ့ကိစ္စအားလုံးကို အတိုက်အခံပါတီဖြစ်တဲ့ USDP က အမြဲတမ်းထောက်ခံနေတယ်ဆိုတဲ့ အမြင်ဆိုးကြီးကတော့ မရှိသင့်ဘူးလို့ ယူဆပါတယ်။ အန်ကယ်တို့ ပါတီအနေနဲ့  သဘောထား ကြေညာချက် စပြီး ကြေညာစဉ်ကတည်းကလည်း အစိုးရလုပ်တဲ့ ကိစ္စ တိုင်းကို အတိုက်အခံလုပ်သွားမယ်လို့ ကြေညာခဲ့တာမဟုတ်ပါဘူး။ နိုင်ငံ သားတွေရဲ့ အကျိုးစီးပွားနဲ့ ပတ်သတ်လာခဲ့လို့ ရှိရင် ရှေ့တန်းကနေ ပါဝင် ဆောင်ရွက်မယ်လို့ပဲ ကြေညာခဲ့တာပါ” လို့ သူက ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က သတင်းထောက်များရဲ့ မေးမြန်းမှုနဲ့ ပတ်သတ်ပြီး ယခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။ ” ဖြစ်သမျှပွဲ တွေမှာ USDP ပါတယ်ဆိုတာကိုတော့ လုံးဝ လက်သင့်မခံပါဘူး။ ဒါလည်း တစ်စိတ်တစ်ဒေသ ကြေညာခဲ့ပြီးသား ဖြစ်ပါတယ်။ စွပ်စွဲတဲ့လူရှိရင်လည်း ထိထိရောက်ရောက် အရေးယူသွားမှာပါ” လို့  ဦးလှသိန်းက ပြောပါတယ်။

ရန်ကုန်မြို့ ၊သံလွင်လမ်းမှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးမှာ ပြည်ခိုင်ဖြိုးပါတီအပါအ၀င် ပါတီ ၂၉ ခုက ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး ပူးတွဲသဘောထားထုတ်ပြန် ကြေညာချက်ကို သတင်းထောက်များရှေ့မှာ ကြေညာခဲ့ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ အခြားသော နိုင်ငံရေးပါတီ တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ ကလည်း ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သတ်ပြီး ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ပါသေးတယ်။

သတင်း + ဓာတ်ပုံ – ဖြိုးထက်အောင်