ပြည်နယ်လူငယ်ရေးရာတာဝန်ခံမှ ခရိုင်နှင့်မြို့နယ် လူငယ်ရေးရာ တာဝန်ခံများနှင့် တွေ့ဆုံ

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦးနှင့် ပြည်နယ်လူငယ်ရေးရာ တာဝန်ခံ ဒေါက်တာတိုးတိုးအောင်သည် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် မွန်ပြည်နယ် ပြည်ခိုင်ဖြိုးရုံးတွင် ခရိုင် ၂ ခရိုင်နှင့် မြို့နယ် ၁၀မြို့နယ်မှ လူငယ်ရေးရာတာဝန်ခံများအား တွေ့ဆုံပြီး လူငယ်ရေးရာလုပ်ငန်းစဉ်များအား အကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံ၊ ဆွေးနွေးပွဲသို့ ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်လူငယ်ရေးရာ တာဝန်ခံ ဒေါက်တာတိုးတိုးအောင်၊ ပြည်နယ်ကော်မတီ ဝင် ဦးသက်ထွေးမော်လမြိုင်ခရိုင်လူငယ်ရေးရာ တာဝန်ခံ၊ သထုံခရိုင်လူငယ်ရေးရာတာဝန်ခံနှင့် မွန်ပြည်နယ်( ၁၀ ) မြို့နယ်မှ လူငယ်ရေးရာတာဝန်ခံများ တက်ရောက်ကြကြောင်းသိရှိရပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်


Leave a Reply