ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် မစ္စတာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဝင်များ တွေ့ဆုံပွဲမှ ပါတီ ဥက္ကဌ၏ ဆွေးနွေးချက်များ

 

(၁) ကော်မရှင်ဖွဲ့စည်းမှုနှင့် ပတ်သက်၍ ဒေသခံ တိုင်းရင်းသားများ၏ ဆန္ဒ သဘောထားများနှင့် တစ်ထပ်တည်းဖြစ်ကြောင်း၊ မိမိတို့ပါတီ၏ သဘောထား ရပ်တည်ချက်များကို ကြေညာချက်များ ထုတ်ပြန်ထားပြီးဖြစ် ရာ ယင်းသဘောထားများအတိုင်းသာ ဆက်လက်ရပ်တည်သွားမည်။
(၂) မိမိတို့ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးမရှိကြောင်း ပြတ်ပြတ်သား သား ကြေညာချက်များ ထုတ်ပြန်ပြောကြားထားပြီးဖြစ်။
(၃) ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ပြဿနာများအား ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ စိစစ်ဆောင်ရွက်သွားမှသာလျှင် အဆင်ပြေ မည်ဖြစ်။
(၄) ဥပဒေအရ နိုင်ငံသားဖြစ်လာပါက အခြားနိုင်ငံသားများနည်းတူ နိုင်ငံ သား အခွင့်အရေးများ ရရှိမည်ဖြစ်ရာ ၄င်းတို့အနေဖြင့် နိုင်ငံတော်က ပြဌာန်းထားသော တည်ဆဲဥပဒေများကို လိုက်နာရန်လိုအပ်။
(၅) ဘာသာရေး အကြောင်းပြချက်ဖြင့် နိုင်ငံသားတစ်ဦးရပိုင်ခွင့်ရှိသည့် အခွင့်အရေးထက် ပိုမိုသည့် အခွင့်အရေးများ တောင်းဆိုခြင်းမပြုရန် လိုအပ်။
(၆) နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်တွင် နိုင်ငံသားဖြစ်မှုအခွင့်အရေး ထက် ပဋိပက္ခဖြစ်မှုကို ဦးတည်နေသော လူမျိုးအမည်ပြောင်းလည်းရန် လုံးဝလက်မခံ။

crd: Nandar Hla Myint