ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ရမည်းသင်းမြို့နယ် ပါတီဝင်စုပေါင်းအဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်

ရမည်းသင်း၊ မေ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များ၊ ပါတီဗဟိုကော်မ တီဝင်များသည် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ကန်ဆွယ်အုပ်စု ကန်မြင့်ကျေးရွာတွင် ယနေ့ မေလ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆိုကာ ဖွင့်လှစ်ပြီး မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်မှ ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ သည်။

ထို့နောက် ပါတီဝင်ရောက်ခြင်းနှင့်ပတ်သက်၍ ပါတီဝင်များကိုယ်စား ပါတီဝင်များဖြစ်ကြသည့် ဦးစိုးမြင့်နှင့် မအိဝေလှိုင်တို့မှ မိမိတို့၏ အမြင်များအားတင်ပြခဲ့သည်။

ယင်းနောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးဝဏ္ဏမောင်လွင်မှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ လက်ရှိဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍လည်းကောင်း၊ ပါတီ၏ဆောင်ရွက်ချက်များအားလည်းကောင်း တက်ရောက်လာ ကြသည့် ပါတီဝင်သစ်များနှင့် ပါတီဝင်ထုအား အမှာစကားပြောကြားခဲ့သည်။

၎င်းနောက် ပါတီဝင်သစ်များဝင်ရောက်လာသည့် ကျေးရွာအုပ်စုများအလိုက် ပါတီဝင်အဆိုပြုလွှာများအား ပေးအပ် ကြရာ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်မှ လက်ခံရယူခဲ့သည်။

အစီအစဉ်အရ ပါတီဝင်သစ်များအား ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီအဆင့်ဆင့်တာဝန်ရှိသူများမှ ပါတီရင်ထိုး တံဆိပ်များအား ကိုယ်တိုင်တပ်ဆင်ချီးမြှင့်ပေးခဲ့ကြပြီး အခမ်းအနား အစီအစဉ်အောင်မြင်စွာပြီးမြောက်ခဲ့သည်။

အဆိုပါ ပါတီဝင်စုပေါင်းအဆိုပြုလွှာပေးအပ်ပွဲသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏ မောင်လွင်၊ ပါတီဗဟိုအလုပ်အမှုဆောင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးသောင်းအေး၊ ပါတီဗဟိုအတွင်း ရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်နှင့် ပါတီဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့် တိုင်း၊ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်သစ်များတက်ရောက်ခဲ့ကြသည်။

ယနေ့ နံနက်ပိုင်းတွင် ကန်မြင့်ကျေးရွာ၌ ကျင်းပပြုလုပ်သည့် ပါတီဝင်စုပေါင်းအဆိုပြုလွှာပေးအပ်ပွဲသို့ ရပ်ကွက် ကျေးရွာအုပ်စု (၁၈)အုပ်စုမှ ပါတီဝင် ၈၅၈ ဦး ပါတီဝင်အသစ်များဖြင့် ဝင်ရောက်ခဲ့ကြကြောင်းသိရသည်။