လတ်ဗီးယား စွန့်စားသူက ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့လေယာဉ်နှင့် ဒိုင်ဗင်စွန့်စားမှုပြုလုပ်

စွမ်းအားမြင့် မောင်းသူမဲ့လေယာဉ်ငယ်က ဝေဟင်ဒိုင်ဗင်ထိုးသူတစ်ဦးကို မ,တင်သွားခဲ့ပြီးနောက် အဆိုပါ စွန့်စားသူသည် ဝေဟင်မှမြေပြင်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်နိုင်မှုသည် ကမ္ဘာတွင် ပထမဆုံးဖြစ်ကြောင်း လတ်ဗီးယားနည်းပညာ ကုမ္ပဏီတစ်ခုက ပြောကြားခဲ့သည်။

လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း Aerones သည်လတ်ဗီးယား၏ အလယ်ပိုင်းတွင် ယင်းစွန့်စားမှုကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အေအက်ဖ်ပီက သီးသန့်ကြည့်ရှုခွင့်ရရှိခဲ့သည်။ ရိုတာ ၁၆ ခုပါဝင်သော ၃ ဒသမ ၂ စတုရန်းမီတာရှိသည့် ယင်းမောင်းသူမဲ့လေယာဉ်သည် ၁၅၄ ပေါင် (၇၀ ကီလိုဂရမ်) လေးကာကီလို ၂၀၀ အထိကို သယ်မနိုင်ကြောင်း သိရသည်။

ရေခဲနေသော လတ်ဗီးယားရေကန်တွင် ယင်းမောင်းသူမဲ့လေယာဉ်ငယ်ဖြင့်ပင် ရေလွှာလျှောစီးမှုကို ဇန်န၀ါရီလ က ဆောင်ရွက်ခဲ့သည်။ သို့သော်လည်း ယခုတစ်ကြိမ် ဒိုင်ဗင်ထိုးမှုသည် ပို၍ခက်ခဲခဲ့သည်။ မျှော်စင်တစ်ခု ထိပ်တွင် ရှိနေသော အမျိုးသားကို မောင်းသူမဲ့လေယာဉ်က လာရောက်မ,ယူခဲ့ပြီး လေထုအတွင်းသို့ မီတာ ၃၃၀ အထိသယ်မသွားခဲ့သည်။

မောင်းသူမဲ့လေယာဉ်ဖြင့် သယ်မခြင်း၊ ဖြုတ်ချခြင်းတို့ကို ကီလိုဂရမ် ၉၀ ခန့်အလေးချိန်ဖြင့် စမ်းသပ်ခဲ့ပြီးနောက် ကောင်းကင်ဒိုင်ဗင်ထိုးသူ အင်ဂူသြဂတ်စတက်ကန်က ကမ္ဘာ့ပထမဆုံးမောင်းသူမဲ့ လေယာဉ်ဖြင့် ဒိုင်ဗင်ထိုးသူ အဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မောင်းသူမဲ့လေယာဉ် ထိန်းချုပ်မှုအတွက် ဦးဆောင်ခဲ့သော Aerones ၏အမှုဆောင်ချုပ် ဂျာနစ်ပူထရန်က ကောင်းကင်ဒိုင်ဗင်ထိုးရန်အတွက် ရဟတ်ယာဉ်မလိုတော့ကြောင်း ပြောကြားခဲ့သည်။

မောင်းသူမဲ့လေယာဉ်ဖြင့် ဒိုင်ဗင်ထိုးခြင်းကဲ့သို့ စွန့်စားအားကစားများအပြင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်ရန် မောင်းသူမဲ့လေယာဉ်၏ စွမ်းဆောင်ရည်အား အသုံးချနိုင်မည်ဟု Aerones ကမျှော်လင့်ထားသည်။ ရောက်ရှိရန်ခက်ခဲသောနေရာများ၊ မီးလောင်နေသော အဆောက်အအုံများတွင် ပိတ်မိနေသူများအား ကယ် ဆယ်ရန်အတွက် မောင်းသူမဲ့လေယာဉ်ကို အသုံးပြုနိုင်ရန် ယင်းကုမ္ပဏီက မျှော်လင့်ထားသည်။

ယင်းမောင်းသူမဲ့လေယာဉ် တည်ဆောက်ရန်အတွက် ဒေါ်လာ ၃၇၀၀၀ ကုန်ကျခဲ့ကြောင်း သိရသည်။ လေယာဉ်တွင်ပါသော ဘက်ထရီကို အသုံးပြု၍ ၁၀ မိနစ်ခန့်ထိသာ မောင်းနှင်နိုင်ပြီး အမြင့်ဆုံး အမြန်နှုန်း အဖြစ် တစ်နာရီလျှင် ၉၅ မိုင်အထိ မောင်းနှင်နိုင်သည်။

# Eleven