MPT ရဲ့ Mobile Remote Access ၀န်ဆောင်မှု စတင်အသုံးပြုနိုင်

MPT ရဲ့ Mobile Remote Access ၀န်ဆောင်မှု စတင်အသုံးပြုနိုင်ပြီလို့ သိရပါတယ်။

စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူတွေအတွက် မိတ်ဆက်လိုက်တာဖြစ်ပြီး အဲဒီ Mobile Remote Access ဝန်ဆောင်မှုဟာ M2M (Machine to Machine) နဲ့ IoT (Internet of Things) ဆက်သွယ်ရေးပုံစံဖြစ်ပါတယ်။

လုပ်ငန်းအဖွဲ့အစည်းကြီးတွေ သို့မဟုတ် စီးပွားရေးလုပ်ငန်းများမှ အသေးစားရုံးခန်းတွေ သို့မဟုတ် နေအိမ်များ အထိပါ တိုးချဲ့ အသုံးပြုနိုင်မယ်လို့ဆိုပါတယ်။

ဝန်ဆောင်မှုဌာန B2B@mptjo.com.mm ကို ဆက်သွယ် မေးမြန်းစုံစမ်းနိုင်တယ်လို့ ဆိုပါတယ်။

Internet Journal