Telenor ဆင်မ်းကတ်မှတ်ပုံတင်ထားခြင်းရှိမရှိ နည်းလမ်းသုံးခုဖြင့် စစ်ဆေးနိုင်

galaxy-s7-edge

Telenor အနေနဲ့ ဆင်းမ်ကတ်မှတ်ပုံတင်ထားခြင်းမရှိမရှိကို နည်းလမ်းသုံးခုနဲ့ စစ်ဆေးနိုင်ဖို့အတွက် နည်းလမ်း အသစ်တစ်ခုကို ထပ်မံမိတ်ဆက်လိုက်ပါတယ်။

*979*3*3# ခေါ်ဆိုပြီး စစ်ဆေးနိုင်မယ့် နည်းလမ်းသစ်ကို မိတ်ဆက်လိုက်တာပါ။ ဒုတိယနည်းလမ်း အနေနဲ့ ကတော့ 500 ကို REG လို့ စာတို့ပေးပို့တဲ့ နည်းလမ်းဖြစ်ပြီး တတိယနည်းလမ်းကတော့ ၎င်းတို့ဖွင့်လှစ် ထားတဲ့ အရောင်းဆိုင် ၉၀ ကို သွားရောက်ပြီးတော့ စစ်ဆေးတဲ့နည်းလမ်းပဲဖြစ်ပါတယ်။

 ဒါ့အပြင် Call Center ကို ဆက်သွယ်ပြီးတော့လည်း စစ်ဆေးနိုင်သေးတယ်လို့ သိရပါသေးတယ်။ Ooredoo အနေနဲ့က *666# ကိုခေါ်ဆိုပြီး စစ်ဆေးနိုင်တဲ့ နည်းလမ်းကို ဆောင်ရွက်ပေးထားပါတယ်။


Leave a Reply