ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်နေသည်ဟု Telenor ကြေညာ

13124649_1301480463200812_1609098738999897449_n

မိုဘိုင်းဆက်သွယ်ရေးစနစ်နှင့် မိုဘိုင်းအင်တာနက်စနစ်အတွက် အရေးပါသော ဖိုက်ဘာဆက်ကြောင်းတစ်ခု ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်း ဆက်သွယ်ရေး အော်ပရေတာတစ်ခု ဖြစ်သည့် Telenor က ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်ခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဟင်္သာတ၊ ကြံခင်း၊ ပန်းတောင်း၊ အင်္ဂပူ၊ မြန်အောင်၊ လက်ပံတန်း၊ ကျုံပျော်နှင့် လေးမျက်နှာမြို့များတွင် မိုဘိုင်းဖုန်းခေါ်ဆိုခြင်းနှင့် မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုခြင်း များ ပြုလုပ်နိုင်မည်မဟုတ်ကြောင်း ကြေညာချက်အရ သိရသည်။ Telenor အနေဖြင့် ပြတ်တောက်မှုဖြစ်ပွား နေသည့် ဖိုက်ဘာဆက်ကြောင်းကို အမြန် ဆုံး ပြင်ဆင်မှု များ ပြုလုပ်နေသည်ဟု သတင်းထုတ်ပြန်ထား သော်လည်း ဆက်သွယ်ရေးစနစ် ပြန်လည်ကောင်းမွန်လာနိုင်မည့် အချိန်ကာလကိုမူ ထုတ်ပြန်ပြောဆို ထားခြင်း မရှိပေ။ ဆက်သွယ်ရေး ကွန်ရက်အတွက် အဓိကလမ်းကြောင်းဖြစ်သည့် ဖိုက်ဘာဆက်ကြောင်း များသည် မကြာခဏ ပြတ်တောက်လေ့ရှိပြီး အဆိုပါကဲ့သို့ ဖိုက်ဘာ ဆက်ကြောင်း များ ပြတ်တောက်သည့် အခါတိုင်း ဆက်သွယ်ရေးစနစ် ရပ်ဆိုင်းနေခြင်းကို မိုဘိုင်းဖုန်း အသုံးပြုသူများက မကြာခဏ ကြုံတွေ့ နေရခြင်း ဖြစ်သည်။


Leave a Reply