ရသေ့တောင်မြို့နယ် ပါတီနှင့် ရပ်/ကျေးခေါင်းဆောင်များ တွေ့ဆုံကာ ရှေ့ဆက်လုပ်ကိုင်သွားရမည့် ပါတီလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး

 

ရသေ့တောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေးခေါင်းဆောင်များ တွေ့ဆုံကာ ရှေ့ဆက်လုပ်ကိုင်သွားရမည့် ပါတီလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အစည်းအဝေးတစ်ရပ်ပြုလုပ်ကာ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးကို ရသေ့တောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် မေ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီက ပြုလုပ်ခဲ့ ရာ အစည်းအဝေးသို့ ခရိုင်ကော်မတီဝင် ဦးသိန်းထွန်း၊ မြို့နယ်ဥက္ကဋ္ဌ ဦးဝေကျော်အောင်၊ အတွင်းရေးမှူး ဦးကျော်မင်းထွန်းနှင့် မြို့နယ် ကော်မတီဝင်များ၊ ကျေးရွာ/အုပ်စုများမှ ပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ခရိုင်ကော်မတီဝင်၊ မြို့နယ် ဥက္ကဋ္ဌနှင့် မြို့နယ်အတွင်း ရေးမှူးတို့မှ အစည်းအဝေးခေါ်ယူကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး ရှေ့ဆက်လုပ်ဆောင်ရမည့် ပါတီလုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

#ခိုင်ဖြိုး(ရသေ့တောင်)