ဒဂုံ​မြောက်​ ပြည်​ခိုင်​ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆပ်​ကပ်​လှူဒါန်း

ရန်ကုန်၊ သြဂုတ်

ရန်​ကုန်​အ​ရှေ့ပိုင်းခရိုင်​ ၊ ဒဂုံမြို့သစ်​​မြောက်​ပိုင်းမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ယ​မန်နေ့နံနက်​၁၁ နာရီတွင်​ မြို့နယ်​ပါတီရုံး၌ ဆရာ​တော်​သံဃာ​တော်​များထံမှ ပရိတ်​တနား​တော်​များနာယူပြီး ဝါဆိုသင်္ကန်းမြတ်​မဟာအား ဆပ်​ကပ်​လှူဒါန်း၍ ​နေ့ဆွမ်းဆပ်​ကပ်​လှူဒါန်းခြင်းအခမ်းအနားကို ပြုလုပ်​ခဲ့ပါသည်​။

အဆိုပါ ဝါဆိုသင်္ကန်းဆပ်​ကပ်​ပွဲသို့ အ​ရှေ့ပိုင်းခရိုင်​ဥက္ကဌ ဦးစိန်​မြင့်​၊ အတွင်း​ရေးမှူး ​ဒေါ်ဇာခြည်​လင်း၊ နယ်​​မြေ တာဝန်​ခံ ​ဒေါ်ယဉ်​​ချောလှိုင်​၊ မြို့နယ်​ပါတီဥက္ကဌ ဦးခင်​​မောင်​​ဇော်​၊ အတွင်း​ရေးမှူး ဦးသန်းစိုးနှင့်​ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ရပ်​ကွက်​ ပါတီဥက္ကဌများနှင့်​ ​ကော်​မတီဝင်​များ၊ ဖိတ်​ကြားထား​သော ဧည့်​သည်​​တော်​များနှင့်​ ဌာနဆိုင်​ရာအသီးသီးမှ တာဝန်​ရှိပုဂ္ဂိုလ်​များ စုံလင်​စွာ တက်​​ရောက်​ခဲ့ကြ​ကြောင်း သိရှိရပါသည်​။

#Mlyl(North Dagon)