ယွန်းအိုးကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

 

ကောလင်း မေ ၉

ကောလင်းမြို့နယ် ယွန်းအိုးကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီဝင် ဦးဘအိမ် နေအိမ်တွင် ယမန်နေ့ နံနက် ၉ နာရီခွဲက ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ ကျင်းပခဲ့သည်။

ထိုဆိုင်းဘုတ်တင်ပွဲသို့ ကောလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦအောင်သန်းဦး၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကျေးပါတီ ဥက္ကဋ္ဌများ၊ ရပ်မိရပ်ဖများနှင့် ပါတီဝင်များ တက်ရောက် ခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာကြသော ပါတီဝင်များနှင့် ရေနွေးကြမ်း စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ကျော်လွင်ဦး(ကောလင်း)