သင့်အသက်ကို ဖြေးဖြေးချင်း ခြွေယူနေတဲ့ အစားအစာ (၄) မျိုး

တခါတလေ သွားရည်ကျစရာအကောင်းစား စားဖွယ်တွေရဲ့နောက်ကွယ်မှာ ရှောင်ရင်ပိုသင့်တဲ့ ဒုက္ခပေးတဲ့ အဆီ၊ ကယ်လိုရီတွေ၊ သကြား၊ ဆားနဲ့ တခြားပါဝင်ပစ္စည်းတွေ ပုန်းလျှိုးကွယ်လျှိုး ရှိနေတတ်ပါတယ်။ အောက် မှာ ဖော်ပြပေးထားတဲ့ အရာတွေကို နေ့တိုင်းစားသုံးမယ်ဆိုရင် သင့်အသက်ကို ဖြည်းဖြည်းချင်း ခြွေယူတဲ့အထိ ဖြစ်သွားစေနိုင်တာမို့ ဒါတွေကို ရှောင်ကြဉ်ကြဖို့ တိုက်တွန်းချင်ပါတယ်-

 

စည်သွတ်ခရမ်းချဉ်သီးဆော့။ စည်သွတ်ခရမ်းချဉ်သီးတွေမှာ သကြားရည်တွေ မြင့်မားစွာပါဝင်တာကြောင့် အဝလွန်ရောဂါ၊ ဆီးချိုရောဂါနဲ့ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်ပွားမှုနှုန်း တိတ်တိတ်ပုန်းဖြစ်စေပါတယ်။ ဒါ့ကြောင့် ခရမ်းချဉ်သီးဆော့တွေ စားတဲ့အခါ သကြားနည်းပြီး အငံဓာတ်ပေါ့တဲ့ အညွှန်းနဲ့ ဆော့တွေကို ရွေးချယ်စားသုံးသင့်ပါတယ်။

ဆော်ဒါ.။  အမြုပ်တစ်စီစီထတဲ့ အချိုရည်က ပူအိုက်တဲ့နွေရက်တွေမှာ အကောင်းဆုံး ရေငတ်ပြေဖြစ်နိုင်ပေမယ့် အကောင်းဆုံး အဖော်မွန်တော့ မဟုတ်ပါဘူး။ ဒီအချိုရည်မှာ လူလုပ်ဆိုးဆေး၊ တာရှည်ခံဆေးနဲ့ ဖော့စ် ဖောရစ်ခ်တွေ ပါဝင်ပြီး ခန္ဓာကိုယ်ရဲ့ ကယ်လ်ဆီယမ်စုပ်ယူနိုင်စွမ်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ ဆီးချိုရောဂါ၊ ဦးနှောက်အသားပိုနဲ့ အသားမျှင်ခက်မာမှုမျိုးစုံစတဲ့ ကျန်းမာရေးပြသနာများစွာနဲ့ ဆက်စပ် နေပါတယ်။

အသင့်စားဖွယ်အသားများ ။ ဝက်သားဆားနယ်ခြောက်၊ ကြက်သား၊ အမဲသား အူချောင်းတွေက အဆာပြေ ပြင်ဆင်ရလျင်မြန်လွယ်ကူ စေပါတယ်။ အသင့်စားသုံးနိုင်တဲ့ အသားတွေမှာ အဆီ၊ နှိုက်ထရိတ်နဲ့ ဆိုဒီယမ် မြင့်မားစွာ ပါဝင်ပါတယ်။ အထူးသဖြင့် အချပ်လိုက် လှီးဖြတ်ထားတာတွေက ပိုမိုကြီးမားတဲ့ အပေါ်ယံ မျက်နှာပြင်တွေမှာ ပြင်းပြတဲ့ တာရှည်ခံဆေးတွေ လိုအပ်ပါတယ်။ သန်းတစ်ဝက်မနည်းတဲ့ လူတွေအပေါ် ၁၂ နှစ်ကြာ လေ့လာမှုတစ်ခုက တာရှည်ခံအောင် လုပ်ထားတဲ့အသားတွေဟာ အရွယ်မတိုင်မီ သေဆုံးမှုနဲ့ ဆက်စပ်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ လေ့လာမှုအရ တစ်နေ့လျှင် တာရှည်ခံအသား ၁၆၀ ဂရမ်ထက် ပိုစားသူတွေ စောစောသေဆုံးနိုင်မှု အန္တရာယ် ၄၄% ရှိကြောင်း သိရပါတယ်။

ဟော့ဒေါ့ဂ် (Hot Dogs)။ တစ်နေ့လျှင် တာရှည်ခံအောင် လုပ်ထားတဲ့ အသား (၅၀) ဂရမ် (သို့မဟုတ် ဟော့ဒေါ့ဂ်တစ်ခုနဲ့ တစ်ဝက်) ပုံမှန် စားသုံးသူတွေ အူကင်ဆာရောဂါအန္တရာယ် ၂၀% ပိုများကြောင်း World Cancer Research Fund မှ ငွေကြေးထောက်ပံ့ပြုလုပ်တဲ့ ကမ္ဘာတစ်ဝှမ်းသုတေသနက ဖော်ပြခဲ့ပါတယ်။

ဒီအစားအသောက်တွေ သုံးဆောင်တာက ချက်ချင်းသေဆုံးစေမယ်လို့တော့ မဆိုလိုပါဘူး။ သတိမူမိပြီး လျှော့စားနိုင်ဖို့သာ ဖြစ်ပါတယ်။   TrendMyanmar