ကမာရွတ်ပြည်ခိုင်ဖြိုး မဲရုံကိုယ်စားလှယ်များတာဝန်ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ပါတီကော်မတီ ရုံးတွင် ယမန်နေ့ နံနက် ၉ နာရီက မဲရုံကိုယ်စားလှယ်များအား သင်တန်းပေးခြင်းနှင့် တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်အေး၊ ရန်ကုန်အနောက်ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးမိုး ဝင်းကျော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ မဲရုံကိုယ်စားလှယ်များတက်ရောက်ကြပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်အေး က မဲရုံကိုယ်စားလှယ်တာဝန်ပေးအပ်လွှာများ ပေးအပ်ခဲ့ ကြောင်း သိရသည်။

ဗိုလ်စော(ကမာရွတ်)