မင်္ဂလာဒုံမြို့နယ် မီးဘေးသင့်ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီငွေနှင့်ပစ္စည်းများလှူဒါန်း

မင်္ဂလာဒုံမြို့နယ် စမ်းကြီးဝ ရပ်ကွက် မီးဘေးသင့်ပြည်သူများ အား ယမန်နေ့နံနက် ၁၁ နာရီက မင်္ဂလာဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊ စမ်းကြီးဝရပ်ကွက် ပြည်ခိုင်ဖြိုးပါတီနှင့် လင်းရနံ့ (အသေးစားငွေချေး လုပ်ငန်း)မိသားစုတို့ပူးပေါင်း၍ မီးဘေးသင့် အိမ်ထောင်စုခုနစ်စုကို မိသားစုတစ်စုလျှင် ဆန်တစ်အိတ်၊ ဆီ ၁ဝ ပိဿာ၊ အလှူငွေကျပ် ခြောက်သောင်းစီဖြင့် စုစုပေါင်း ဆန်ခုနစ်အိတ်၊ ဆီပိဿာ ၇ဝ၊ ငွေကျပ် ၄၂ဝဝဝဝ ကို တိုင်းဒေသ ကြီးပါတီနာယက ဦးဆွေအောင်၊ မင်္ဂလာဒုံမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးစိုးမင်း၊ မြို့နယ် အတွင်းရေးမှူး ဦးမျိုးမင်းနိုင်၊ မြို့နယ်ကော်မတီဝင်များ၊စမ်းကြီးဝ ရပ်/ကျေးခေါင်းဆောင်နှင့်ပါတီဝင် များ၊လင်းရနံ့မိသားစုများမှ မီးဘေး သင့်ပြည်သူများထံသို့ သွားရောက်လှူဒါန်းပြီး မီးလောင်မှုဖြစ် ပွားသောနေရာကို သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

ခင်စန္ဒီလင်း(မင်္ဂလာဒုံ)