Facebook နှင့် LinkedIn ဓာတ်ပုံများ အသုံးပြုပြီး တိုက်ခိုက်သည့် malware ကို သုတေသီများ တွေ့ရှိ

Locky ဟုအမည်ရသော ransomware သည် သုံးစွဲသူ၏ ကွန်ပျူတာကို ထိုးဖောက်တိုက်ခိုက်ရန် Facebook နှင့် LinkedIn အစရှိသော လူမှုကွန်ရက်များရှိ အားနည်းချက်ကို အသုံးချနေကြောင်း Check Point မှ သုတေသီများက တွေ့ရှိခဲ့သည်။

s-aolcdn_0

အဆိုပါ malware သည် စနစ်ကို ထိုးဖောက်ရန် အတွက် အန္တရာယ်ရှိသော image ဖိုင်ကို download ပြုလုပ်ရန် အတင်းအကျပ် စေခိုင်းမည်ဖြစ်သည်။ ထို image ကိုဖွင့်လိုက်ပါက သုံးစွဲသူ၏ ဖိုင်များမှာ encrypt ဖြစ်သွားပြီး ငွေကြေးဖြင့် ပြန်လည်ရွေးယူရမည်ဖြစ်သည်။

Locky code သည် နေရာအနှံ့အပြားတွင်ရှိပြီး သတိထားပါက အလွယ်တကူ ရှောင်လွှဲနိုင်သည်။ လုံခြုံရေး app များစွာသည် လူမှုရေးမီဒီယာများကို အလွန်အမင်း ယုံကြည်နေကြသည်။ လူအများစုမှာ Facebook ကဲ့သို့ ဆိုက်များတွင် download ပြုလုပ်ရာ၌ စိုးရိမ်ခြင်း မရှိကြပေ။

စက်တင်ဘာလတွင် Facebook နှင့် LinkedIn ၌အားနည်းချက် ဖြစ်ပေါ်ခဲ့ကြောင်း Check Point က ပြောကြား ခဲ့သည်။

ဖော်ပြပါ သတင်းများမှာ မဟုတ်မှန်ကြောင်း Facebook ၏ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်က ပြောကြားသွားခဲ့သည်။ ၎င်းတို့မှာ အခြားသူများထံသို့ message များပေးပို့နေသော အားနည်းချက်ရှိသော Chrome extensions scam ဖြစ်ကာ လွန်ခဲ့သော ရက်အနည်းငယ်က ကုမ္ပဏီမှ ပိတ်ပင်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

“အခုဆန်းစစ်ချက်ဟာ မှန်ကန်ခြင်း မရှိပါဘူး။ Locky ဒါမှဟုတ် တခြား ransomeware နဲ့လည်း ဆက်စပ်မှု မရှိပါ ဘူး။ Facebook ဒါမှမဟုတ် Messenger မှာလည်း မပေါ်ဘူး။ အခုသတင်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး ခဲ့ပါတယ်။ အားနည်းချက်ရှိတဲ့ Chrome extension တွေကို တွေ့ရပါတယ်။ သူတို့ကို ပိတ်လိုက်တာ တစ်ပတ် ရှိပါပြီ။ သင့်တော်တဲ့ အဖွဲ့အစည်းဆီကို အားနည်းချက်ရှိ browser extension တွေအကြောင်းကို ကျွန်တော်တို့ သတင်းပို့ပြီးပါပြီ” ဟု ထုတ်ပြန်ခဲ့သည်။

Ref: Engadget


Leave a Reply