သွားလေရာသယ်ဆောင်သွားနိုင်မယ့် အကောင်းဆုံး Bluetooth Wireless စပီကာ (၁၀) မျိုး

Bluetooth စပီကာတွေဟာ အမျိုးအစား အမျိုးမျိုးရှိတာကြောင့် သင့်လျော်မှန်ကန်တဲ့ အမျိုးအစားတစ်ခုကို ရွေးချယ်နိုင်ဖို့လိုပါတယ်။ Portable wireless စပီကာတစ်လုံးကို ဝယ်ယူတဲ့အခါမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေက အသံအရည်အသွေး၊ ဘက်ထရီသက်တမ်းနဲ့ ဒီဇိုင်းတို့ ဖြစ်ပါတယ်။

ဒါ့အပြင် ရေစိုခံကိုယ်ထည်နဲ့ ကြိုးမဲ့စနစ်ချိတ်ဆက်မှု option တွေလို အပိုဆောင်း feature တွေကလည်း တဖြည်းဖြည်း နာမည်ကျော်ကြားလာပါတယ်။ နောက်ဆုံးပေါ် ထုတ်ကုန်တွေမှာဆိုရင်လည်း Google နဲ့ Amazon တို့ရဲ့ virtual assistant တွေ ပါဝင်လာပါပြီ။ ဒါကြောင့် သင့်လျော်မှန်ကန်တဲ့ Bluetooth စပီကာကို ရွေးချယ်ဝယ်ယူနိုင်စေဖို့အတွက် အကောင်းဆုံး Bluetooth Wireless စပီကာ (၁၀) မျိုးကို ဖော်ပြလိုက် ပါတယ်။

(1) Ultimate Ears Blast Wireless Smart Speaker $230 Ultimate Ears Blast wireless speaker သစ်ဟာ UE Boom 2 ဒီဇိုင်းနဲ့ဆင်တူပေမယ့် ပိုကောင်းတဲ့ hardware နဲ့ feature တွေ ပါဝင်လာပါတယ်။ Wi-Fi ချိတ်ဆက်မှု၊ Amazon Alexa အထောက်အပံ့နဲ့ ပိုကောင်းလာတဲ့ Bluetooth wireless အကွာအဝေးတို့ ပါဝင်ပါတယ်။ Ultimate Blast ပေါ်မှာ Amazon ရဲ့ virtual assistant ကိုသုံးတဲ့အခါ Wi-Fi ကွန်ရက်တစ်ခုနဲ့ ချိတ်ဆက်ဖို့ လိုပါတယ်။ 360-degree အသံစနစ်ကို ထောက်ပံ့ပေးထားနိုင်ပြီး ဘက်ထရီကို တစ်ကြိမ်အားသွင်းပြီး ၁၂ နာရီကြာအသုံးပြုနိုင်ပါတယ်။ IP67 အဆင့် ရေစိုခံနိုင်ပါတယ်။

(2) Bose SoundLink Revolve+ Bluetooth Speaker $299 Bose ရဲ့ SoundLink Revolve + Bluetooth စပီကာဟာ စတိုင်ကျလှပရုံသာမက ရေစိုဒဏ်လည်းခံနိုင်ပါတယ်။ 360-degree အသံစနစ်ကို ထောက်ပံ့ ပေးနိုင်ပြီး ဘက်ထရီကို အားတစ်ကြိမ်သွင်းရုံနဲ့ ၁၆ နာရီကြာ အသုံးပြုနိုင်ပါတယ်။ ဖုန်းခေါ်ဆိုမှုများနဲ့ ဖုန်းရဲ့ virtual assistant အသုံးပြုခြင်းတို့အတွက် built-in microphone တစ်ခု ပါဝင်ပါတယ်။ Virtual assistant ကို အသုံးပြုဖို့အတွက် multifunction ခလုတ်ကို ခပ်ကြာကြာဖိထားရမှာ ဖြစ်ပါတယ်။

(3) Anker SoundCore 2 Bluetooth Speaker $40 Anker SoundCore 2 wireless စပီကာက ထိပ်တန်းအသံအရည်အသွေးကို ထောက်ပံ့ပေးနိုင်ပါတယ်။ ဘက်ထရီနဲ့ ၂၄ နာရီကြာ အသုံးပြုနိုင်ပါတယ်။ ဖုန်းခေါ်ဆိုမှုများအတွက် built-in microphone ပါဝင်ပါတယ်။ ရေစိုခံအဆင့်က IPX5 ဖြစ်ပါတယ်။

(4) JBL Link 20 Wireless Smart Speaker $200 JBL Link 20မှာ အလွန်ကောင်းမွန်တဲ့ Google Assistant ကို ထောက်ပံ့ပေးထားပါတယ်။ JBL ထုတ်ကုန်အားလုံးလိုပဲ Link 20 က ထိပ်တန်းအသံအရည်အသွေးကို ထောက်ပံ့ပေးနိုင်ပါတယ်။ Google Assistant ကိုအသုံးပြုဖို့အတွက် JBL Link 20 စပီကာကို Wi-Fi နဲ့ ချိတ်ဆက်ဖို့လိုပါတယ်။ Chromecast နဲ့ multi-room audio အထောက်အပံ့လည်း ပါဝင်ပါတယ်။ ဘက်ထရီနဲ့ ၁၀ နာရီကြာအသုံးပြုနိုင်ပြီး ရေစိုခံအဆင့်က IPX7 ဖြစ်ပါတယ်။

(5) V-Moda Remix Bluetooth Speaker $300 V-Moda ရဲ့ ပထမဆုံး Bluetooth စပီကာဟာ အခြား ထိပ်တန်း wireless နားကြပ်တွေလိုပဲ 3D printer နဲ့ ဖန်တီးထားတဲ့ module တွေနဲ့ စိတ်ကြိက်ဆင် နိုင်ပါတယ်။ အသံအရည်အသွေး ကောင်းမွန်ပါတယ်။ ဘက်ထရီနဲ့ ၁၀ နာရီကြာ အသုံးပြုနိုင်ပါတယ်။

(6) Fender Newport Bluetooth Speaker $200 Fender Newport wireless စပီကာမှာ ကုမ္ပဏီရဲ့ ဂန္ထဝင် guitar amp တွေအတိုင်း ဒီဇိုင်းနဲ့ ခလုတ်တွေ ပါဝင်ပါတယ်။ အသံအရည်အသွေးကောင်းမွန်ပြီး စွမ်းဆောင်ရည်ကောင်းတဲ့ full-range driver နှစ်ခုနဲ့ tweeter တစ်ခုပါဝင်ပါတယ်။ ဖုန်းခေါ်ဆိုမှုများအတွက် built-in microphone ပါဝင်ပါတယ်။ ဘက်ထရီကို အားတစ်ကြိမ်သွင်းရုံနဲ့ ၁၂ နာရီကြာ သုံးနိုင်ပါတယ်။

(7) Beats Pill+ Bluetooth Speaker from $170 Beats Pill+ ကလည်း အသံအရည်အသွေးကောင်းမွန်တဲ့ wireless စပီကာတစ်ခုဖြစ်ပါတယ်။ ပိုကောင်းတဲ့အသံအရည်အသွေးရဖို့အတွက် mobile app တစ်ခုကနေ တစ်ဆင့် Pill+ နှစ်လုံးကို အတူချိတ်ဆက်နိုင်ပါတယ်။ ဘက်ထရီနဲ့ ၁၂ နာရီကြာသုံးနိုင်ပြီး iPhone နဲ့ iPad လို Lightning cable နဲ့ အားသွင်းနိုင်ပါတယ်။ ဒါ့အပြင် လိုအပ်တဲ့အခါမှာလည်း မိုဘိုင်းထုတ်ကုန်တွေအတွက် backup ဘက်ထရီတစ်ခုအနေနဲ့ အသုံးပြုနိုင်ပါတယ်။

(8) KEF Muo Bluetooth Speaker from $200 KEF Muo ကတော့ သတ္တုနဲ့ဖန်တီးထားတဲ့ wireless စပီကာဖြစ်ပါတယ်။ 50-millimeter driver နှစ်ခုနဲ့ bass radiator တစ်ခုပါဝင်ပါတယ်။ စမတ်ဖုန်း app ကနေတစ်ဆင့် သုံးစွဲသူတွေက အသံတွေကို ချိန်ညှိပြောင်းလဲနိုင်ပါတယ်။ ဘက်ထရီကို တစ်ကြိမ်အားသွင်းပြီး ၁၂ နာရီကြာ သုံးနိုင်ပါတယ်။

(9) Libratone ZIPP Bluetooth Speaker $299 ဒီဇိုင်းပြင်ဆင်ထားတဲ့ Libratone ZIPP ဟာ စတိုင်ကျလှပတဲ့ wireless စပီကာတွေထဲက တစ်ခုဖြစ်ပါတယ်။ Wi-Fi နဲ့ Bluetooth ကနေ stream လုပ်နိုင် သလို Apple AirPlay အထောက်အပံ့လည်း ပါဝင်ပါတယ်။ အသံအရည်အသွေးကောင်းမွန်ပြီး ဘက်ထရီနဲ့ ၁၀ နာရီကြာ အသုံးပြုနိုင်ပါတယ်။

(10) Sony XB10 Waterproof Wireless Speaker from $53 Sony ရဲ့ XB10 စပီကာဟာ ရေစိုခံနိုင်ပြီး ဘက်ထရီနဲ့ ၁၆ နာရီကြာ အသုံးပြုနိုင်ပါတယ်။ အနက်၊ အဖြူ၊ အနီ၊ အပြာ စတဲ့ အရောင်းလေးမျိုးနဲ့ ရရှိနိုင်ပါတယ်။

Ref: BestProducts