Xiaomi က ကင်မရာ Lenses တပ်ဆင်နိုင်တဲ့ Concept ဖုန်းကို ပြသ

Xiaomi က စမတ်ဖုန်း ကင်မရာတွေကို ဒစ်ဂျစ်တယ် ကင်မရာတွေလောက်ကောင်းအောင် ဖန်တီးဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီက ဖန်တီးနေတဲ့ စမတ်ဖုန်း အသစ် ၁ လုံးကို ပြသလိုက်ပါတယ်။ အဲဒီဖုန်းဟာ Xiaomi 12S Ultra Concept Edition ဖြစ်ပြီး တစ်မူထူးခြားတဲ့ အနောက်ကင်မရာတွေ ပါလာကာ Leica Lens တပ်ဆင်နိုင်ပါတယ်။ အဲဒီအတွက် အရည်အသွေးမြင့် ဓါတ်ပုံတွေ ရိုက်ကူးနိုင်မှာပါ။

Xiaomi က ဝီဘိုမှာ Teaser Video နဲ့ Image Poster ကို တင်ထားပြီး ဓါတ်ပုံ အသားပေးထားတဲ့ စွမ်းရည်မြင့် ဖုန်း ဖြစ်ပါတယ်။ အဲဒီ ဖုန်းမှာ ၁ လက်မ ပင်မ ကင်မရာ ၁ လုံးကို အနောက်မှာ တပ်ဆင်ထားပါတယ်။ အဲဒီ ဆန်ဆာမှာ Leica M Series Lens ကို တပ်ဆင်နိုင်မှာပါ။

Xiaomi ဟာ စမတ်ဖုန်းမှာ ကင်မရာ Lenses တွေ တပ်ဆင်တဲ့ ပထမဆုံး ကုမ္ပဏီ ဖြစ်လာမှာပါ။ ကုမ္ပဏီက Lens အသစ်ကြောင့် စမတ်ဖုန်းကနေ ပရော်ဖက်ရှင်နယ် ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မယ်လို့ ပြောပါတယ်။ အဲဒီ ဖုန်းရဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို မသိရသေးပေမယ့် စီအီးအို လီဂျွန်က 12S Ultra Concept မှာ ၁ လက်မ ဆန်ဆာ ၂ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး ၁ လုံးက ဖုန်းတွေမှာ တွေ့ရတဲ့ ရိုးရိုး ဆန်ဆာ ဖြစ်ကာ နောက် ၁ လုံးမှာ External Lenses တပ်ဆင်နိုင်မယ်လို့ ပြောပါတယ်။

ကုမ္ပဏီက Xiaomi 12S Ultra Concept Edition ကို ဘယ်အချိန် ရောင်းချမလဲဆိုတာ မသိရသေးပါဘူး။

Ref : gizmochina