ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ရွှေမန်းကျောင်းဆရာတော်အား သင်္ကန်းနှင့် နဝကမ္မ အလှူငွေပေးအပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (တောင်သူလယ်သမားရေးရာ တာဝန်ခံ) ဦးအောင်တင်မြင့်သည် နိုဝင်ဘာ (၆) ရက် နံနက်ပိုင်းက ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် (စီမံ) ဦးဝင်းတင့်နှင့် ပါတီဝင်များ လိုက်ပါလျက် ဘားအံမြို့ ကျက်သရေဆောင် ရန်ပြေမာန်ရှင်းစေတီတော်အား သွားရောက်ဖူးမြော်ကာ ဂေါပကအဖွဲ့ထံသို့ အလှူငွေများ ပေးအပ်လှူဒါန်းသည်။

kayin

ထို့နောက် ဗဟိုအလုပ်အမှုဆောင်သည် စေတီတော်ကမ်းပါး နံရံများအား သံလွင်မြစ်တိုက်စားမှု အခြေအနေတို့ကို လိုက်လံကြည့်ရှုပြီး မြစ်ရေတိုက်စားမှုကာကွယ်ရန် ဆောင်ရွက်သင့်သည်များကို ပြည်နယ်ပြည်ခိုင်ဖြိုးပါတီမှတာဝန် ရှိသူများနှင့် ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ရွှေမန်းကျောင်း ဆရာတော်အား သွားရောက်ဖူးမြော်ကာ သင်္ကန်းလှူဖွယ်နှင့် နဝကမ္မ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


Leave a Reply