ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဆိုင်းဘုတ်တင် ရေနွေးကြမ်း စကားဝိုင်း ကျင်းပ

 

ညောင်ဦး ဇွန် ၁၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်းနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးအောင်ဌေးနှင့် မြို့နယ်ကော်မတီဝင်တို့သည် ယမန်နေ့ နံက်ပိုင်းတွင် ညောင်ဦးမြို့နယ် ဝါခင်းကြီး ကျေးရွာအုပ်စု ဝါခင်းကြီးကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးဂျပန် နေအိမ်တွင် နယ်မြေတာဝန်ခံ ဦးမြင့်စိုးနှင့် ရပ်ကျေးပါတီဝင်တို့နှင့်အတူ ရပ်ကျေးပါတီ ဆိုင်းဘုတ်တင်ပွဲ ကျင်းပခြင်းနှင့် ရေနွေးကြမ်းစကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆိုင်းဘုတ်တင်ပွဲတွင် ညောင်ဦးခရိုင်ဥက္ကဋ္ဌ ဦးညွန့်ဝင်းကလည်းကောင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ဌေး တို့က အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြပြီး ပါတီဆိုင်းဘုတ်ကို အောင်မြင်စွာ စိုက်ထူခဲ့ကြကြောင်း သိရသည်။ ယင်းကျေးရွာ ရပ်ကွက် ကျေးရွာပါတီဥက္ကဋ္ဌ ဦးဂျပန်နေအိမ်တွင် ရပ်ကျေးပါတီဝင်များနှင့် တွေ့ဆုံပြီး ပါတီ၏ မူဝါဒ သဘောထားများ၊ ထုတ်ပြန်ကြေညာချက်များနှင့် စပ်လျဉ်း၍ လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေ၊ စီးပွားရေး အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်ဌေး(ညောင်ဦး)