ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီ နာယက ဦးသိန်းစိန်အား SASAKAWA ဖောင်ဒေးရှင်းဥက္ကဋ္ဌ လာရောက်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုဦးဆောင်ကော်မတီနာယက ဦးသိန်းစိန် အား ဂျပန်နိုင်ငံ SASAKAWA ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWA ခေါင်းဆောင်သည့် အဖွဲ့က ဖေဖော်ဝါရီ (၁၇) ရက်  မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် ဧည့်ခန်းမတွင် လာရောက်တွေ့ဆုံခဲ့သည်။

 

ထိုသို့တွေ့ဆုံခဲ့ရာတွင် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတို့ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ ပူးပေါင်းဆောင်ရွက်မှု ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက် နေမှုအပေါ် Sasakawa ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးနှင့် စပ်လျဉ်းသည့်ကိစ္စ ရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံရာသို့ ပါတီဗဟိုဦးဆောင်ကော်မတီနာယက ဦးသိန်းစိန်နှင့်အတူ ပါတီအထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း တို့ တက်ရောက်ခဲ့သည်။