မလေးရှားတွင် အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်သည့် နိုင်ငံခြားသားများအပါအဝင် လူလေးဦးကို ဖမ်းဆီး

malaysian-police

ကွာလာလမ်ပူ၊ စက်တင်ဘာ ၂၂

မလေးရှားရဲဌာနက သြဂုတ် ၂ ရက်မှ စက်တင်ဘာ ၁၇ ရက်အတွင်း အကြမ်းဖက်မှုနှင့် ချိတ်ဆက်သည် သံသယရှိသည့် နိုင်ငံခြားသား သုံးဦးအပါအဝင် လူလေးဦးကို ဖမ်းဆီးခဲ့သည်။

နိုင်ငံခြားသားသုံးဦးအား ပြည်နှင်ဒဏ်ပေးထားသည်။ ဖမ်းခဲ့သူများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးလည်း ပါဝင်သည်။ ၎င်းသည် နိုင်ငံတကာအကြမ်းဖက်အဖွဲ့များထံ လက်နက်များ မှောင်ခိုပေးပို့နေခြင်းတွင် ပါဝင်သည်ဟု သံသယရှိရသူဖြစ်ကြောင်း ရဲက သတင်းထုတ်ပြန်သည်။ နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပို၏ အလိုရှိစာရင်း သွင်းခံထားရသူလည်းဖြစ်သည်။

နီပေါနိုင်ငံသားတစ်ဦးကိုလည်း နိုင်ငံတကာအကြမ်းဖက်အဖွဲ့ဝင်များ ခရီးသွားမှတ်တမ်းမှတ်ရာအတုများ ပြုလုပ်သည် သံသယရှိ၍ ဖမ်းဆီးခဲ့သည်။

မော်ရိုကိုနိုင်ငံသားတစ်ဦးကိုမူ အိုင်အက်စ်အဖွဲ့ဝင်အဖြစ် သံသယရှိ၍ ဖမ်းဆီးသည်။ ၎င်းသည် ဆီးရီးယားသို့ ခိုးဝင်ရန် ကြံခြင်းကြောင့် တူရကီနိုင်ငံတွင် အဖမ်းခံရဖူးသူ ဖြစ်ကြောင်း ရဲကဆိုသည်။

လေးဦးမြောက်မှာ မလေးရှားနိုင်ငံသားဖြစ်ကာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ယာဉ်မောင်းအဖြစ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း ရဲက ပြောသည်။

-Ref; CNA


Leave a Reply