အိႏၵိယနိုင္ငံေျမာက္ပိုင္းရွိ ဥမင္လိုဏ္ေခါင္းအတြင္း ပိတ္မိေနသည့္ ေဆာက္လုပ္ေရးလုပ္သားမ်ားကို ကယ္ဆယ္နိုင္ခဲ့

နိုဝင္ဘာ ၂၉

အိႏၵိယနိုင္ငံေျမာက္ပိုင္း ဥတၱရာခန္းျပည္နယ္ရွိ Silkyara ဥမင္လွိုင္ေခါင္းအတြင္း သီတင္းႏွစ္ပတ္ေက်ာ္ၾကာ ပိတ္မိေနခဲ့သည့္ ေဆာက္လုပ္ေရး လုပ္ သားမ်ားကို ကယ္တင္နိုင္ခဲ့ေၾကာင္း အိႏၵိယ တာဝန္ရွိသူမ်ားက ယမန္ေန႔တြင္ ေျပာၾကားသည္။

၎ျဖစ္စဥ္အတြင္း ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ေအာင္ျမင္စြာေဆာင္ရြက္နိုင္ခဲ့သည့္ ကယ္ဆယ္ေရးလုပ္သားမ်ားအား ခ်ီးက်ဴးဂုဏ္ျပဳေၾကာင္း ဝန္ႀကီး ခ်ဳပ္ မိုဒီက ေျပာၾကားသည္။ ကယ္ဆယ္ေရးသမားမ်ားသည္ လိုဏ္ေခါင္းအဝင္ဝတြင္ပိတ္မိေနသည့္ လုပ္သားမ်ားကို ကယ္တင္နိုင္ေရးအတြက္ အႀကိမ္ေပါင္းမ်ားစြာ တူးေဖာ္ေနစဥ္ ၎တို႔၏ စက္ယႏၲရားႀကီးမ်ားပ်က္စီးခဲ့သည္။ ထို႔ေၾကာင့္ ယမန္ေန႔ႏွင့္ ယေန႔တြင္ ကိရိယာျဖင့္ ဥမင္လိုဏ္ေခါင္းကို တူးေဖာ္ခဲ့ရသည္။

အိႏၵိယနိုင္ငံ ဟိမဝႏၲာ ေတာင္တန္းေအာက္ ၄ ဒသမ ၅ ကီလိုမီတာအကြာရွိ အဆိုပါဥမင္လိုဏ္ ေခါင္းတြင္ ေဆာက္လုပ္ေရးလုပ္သားမ်ား ၁၇ ရက္ၾကာ ပိတ္မိေနခဲ့ၿပီး ပိုက္လိုင္းမွတစ္ဆင့္ အစာ၊ ေရ၊ ေအာက္ဆီဂ်င္ႏွင့္ ေဆးဝါးမ်ား ရရွိခဲ့သည္။

ယခုျဖစ္စဥ္တြင္ ဥမင္လိုဏ္ေခါင္းအတြင္း ပိတ္မိခဲ့သည့္လုပ္သားမ်ားအား ေဆး႐ုံတြင္ လိုအပ္သည့္ က်န္းမာေရးစစ္ေဆးမႈမ်ား ေဆာင္ ရြက္ေပးမည္ျဖစ္သည္။

=============

အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ဥမင်လိုဏ်ခေါင်းအတွင်း ပိတ်မိနေသည့် ဆောက်လုပ်ရေးလုပ်သားများကို ကယ်ဆယ်နိုင်ခဲ့

နိုဝင်ဘာ ၂၉

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာခန်းပြည်နယ်ရှိ Silkyara ဥမင်လှိုင်ခေါင်းအတွင်း သီတင်းနှစ်ပတ်ကျော်ကြာ ပိတ်မိနေခဲ့သည့် ဆောက်လုပ်ရေး လုပ် သားများကို ကယ်တင်နိုင်ခဲ့ကြောင်း အိန္ဒိယ တာဝန်ရှိသူများက ယမန်နေ့တွင် ပြောကြားသည်။

၎င်းဖြစ်စဉ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် ကယ်ဆယ်ရေးလုပ်သားများအား ချီးကျူးဂုဏ်ပြုကြောင်း ဝန်ကြီး ချုပ် မိုဒီက ပြောကြားသည်။ ကယ်ဆယ်ရေးသမားများသည် လိုဏ်ခေါင်းအဝင်ဝတွင်ပိတ်မိနေသည့် လုပ်သားများကို ကယ်တင်နိုင်ရေးအတွက် အကြိမ်ပေါင်းများစွာ တူးဖော်နေစဉ် ၎င်းတို့၏ စက်ယန္တရားကြီးများပျက်စီးခဲ့သည်။ ထို့ကြောင့် ယမန်နေ့နှင့် ယနေ့တွင် ကိရိယာဖြင့် ဥမင်လိုဏ်ခေါင်းကို တူးဖော်ခဲ့ရသည်။

အိန္ဒိယနိုင်ငံ ဟိမဝန္တာ တောင်တန်းအောက် ၄ ဒသမ ၅ ကီလိုမီတာအကွာရှိ အဆိုပါဥမင်လိုဏ် ခေါင်းတွင် ဆောက်လုပ်ရေးလုပ်သားများ ၁၇ ရက်ကြာ ပိတ်မိနေခဲ့ပြီး ပိုက်လိုင်းမှတစ်ဆင့် အစာ၊ ရေ၊ အောက်ဆီဂျင်နှင့် ဆေးဝါးများ ရရှိခဲ့သည်။

ယခုဖြစ်စဉ်တွင် ဥမင်လိုဏ်ခေါင်းအတွင်း ပိတ်မိခဲ့သည့်လုပ်သားများအား ဆေးရုံတွင် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင် ရွက်ပေးမည်ဖြစ်သည်။