ပေါင်ခြံဒဏ်ရာကြောင့် (၃) ပတ်လောက် အနားယူရတော့မယ့် မက်ဆီ

leo-messi-has-groin-strain

(ဓာတ်ပုံ – ဘာစီလိုနာ)

မနေ့ညက နူးကမ့်မှာ ဘာစီလိုနာနှင့် အက်သလက်တီကိုမက်ဒရစ်တို့ တစ်ဂိုးစီသရေကျတဲ့ပွဲမှာ မက်ဆီဟာ ပေါက်ခြံဒဏ်ရာရရှိသွားပြီး (၃) ပတ်လောက် အနားယူရမယ်လို့ ဘာစီလိုနာအသင်းက အတည်ပြုခဲ့ပါတယ်။

မက်ဆီဟာ ညဘက်ခြေထောက်မှာ ပေါက်ခြံဒဏ်ရာရရှိကြောင်း ဘာစီလိုနာအသင်းက ဆိုပါတယ်။

ပထမပိုင်းအပြီး နည်းပြ အန်းနရစ်အသင်းက ဒုတိယပိုင်းမှာ တစ်ဂိုးအသာနဲ့ ဦးဆောင်နေချိန်မှာ မက်ဆီဟာ လဲကျပြီး ပြန်အထမှာ ရုန်းကန်ခဲ့ရတာကြောင့် (၅၉)မိနစ်မှာ မက်ဆီကို အာဒါသူရမ်နဲ့ လူစားလဲခဲ့ရပါတယ်။ ချက်ချင်းဆိုသလို အက်သလက်တီကိုဘက်က ကော်ရီယာက ချေပဂိုး သွင်းယူသွားခဲ့ပါတယ်။

ဥရုဂွေးနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ မက်ဆီဟာ ပေါက်ခြံဒဏ်ရာရှိလျက်နဲ့ ကစားခဲ့ပြီးနောက်မှာ ဗင်နီဇွဲလားနဲ့ပွဲကို မကြာသေးမီက လွှဲချော်ခဲ့သလို သြဂုတ်လကုန်ပိုင်းက ဘီဘာအိုနဲ့ ပွဲစဉ်ကိုလည်း လွှဲချော်ခဲ့ပါသေးတယ်။

ဘာစီလိုနာအသင်းက အိမ်ကွင်းမှာ အလာဗတ်ကို နှစ်ဂိုး တစ်ဂိုးနဲ့ ရှုံးနိမ့်နေစဉ် ဒဏ်ရာကနေ ပြန်သက်သာလာတာ မကြာသေးတဲ့ မက်ဆီက ချက်ချင်းဆိုသလို ဒုတိယပိုင်မှာ အစားထိုးဝင်ရောက်ကစားခဲ့ပါတယ်။

ဒဏ်ရာကြောင့် မက်ဆီမပါဝင်တဲ့ ဘာစီလိုနာအသင်းဟာ အောက်တိုဘာလရဲ့ နိုင်ငံတကာပွဲစဉ်တွေမတိုင်မီ စပို့တင်းဂီဂျွန်၊ မိုချန်ဂလာဘတ်နှင့် ဆယ်လ်တာဗီဂိုတို့ကို အဝေးကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေဖြစ်တဲ့ အောက်တိုဘာ ၆ ရက်နဲ့ ၁၁ ရက်နေ့မှာ ရင်ဆိုင်ရမယ့် ပီရူးနှင့် ပါရာဂွေးတို့ရဲ့ ပွဲစဉ်တွေမှာ လွှဲချော်ဖွယ်ရှိနေပါတယ်။

Ref; ESPN FC


Leave a Reply