ဂိုလန်ကုန်းမြင့်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီးနောက် ဆီးရီးယားရှိ ပစ်မှတ်များကို အစ္စရေးတိုက်ခိုက်

ဂျေရုစလင် စက်တင်ဘာ ၈

ဂိုလန်ကုန်းမြင့်တွင် ဆီးရီးယားဘက်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ငါးရက်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် ကြာသပတေးနေ့တွင် ဆီးရီးယားနိုင်ငံရှိ ပစ်မှတ်များကို အစ္စရေး လေယာဉ်များက တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောသည်။

14212211_1272582916094552_356753255638513637_n

လက်နက်ကြီးကျရောက်မှုကြောင့် သေဆုံးသူမရှိခဲ့ဘဲ စစ်တပ်ပြောရေးဆိုခွင့်ရှိသူရုံးမှ ထုတ်ပြန်သော ကြေညာချက်အရ “ဆီးရီးယားနိုင်ငံမြောက်ပိုင်းဂိုလန်ကုန်းမြင့်ရှိ ဆီးရီးယားလက်နက်ကိုင်တပ်ဖွဲ့ မော်တာ လောင်ချာများကို ပစ်မှတ်ထားကာ အစ္စရေးလေတပ်က တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါဒေသသည် ဆီးရီးယားပြည်တွင်းစစ်ဖြစ်ပွားနေသည့် နေရာနှင့် အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အစ္စရေး အနေဖြင့် ၎င်းတို့၏ ပိုက်နက်အတွင်းသို့ ပေါက်ကွဲမှုများ နယ်ကျော်ဖြစ်ပွားလာပါက အတိတ်ကာလများအတိုင်း တုန့်ပြန်တိုက်ခိုက်ခဲ့သည်။
Ref:Reuters

 


Leave a Reply