မလေးရှားဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကို ၄၈ နာရီအတွင်း နိုင်ငံမှ ထွက်ခွာရန်နှင်ထုတ်

မလေးရှားနိုင်ငံသည် မြောက်ကိုရီးယားသံအမတ် ကန်ချွဲလ်ကို ၄၈ နာရီအတွင်း နိုင်ငံမှထွက်ခွာသွားရန် ညွှန်ကြား လိုက်ပြီး ယင်းသည် မလေးရှားနိုင်ငံတကာလေဆိပ် တွင် မြောက် ကိုရီးယားခေါင်းဆောင်၏ ဖအေတူ မအေကွဲ အစ်ကိုတော်စပ်သူ ကင်ဂျုံနမ်အား အဆိပ်ဖြင့် လုပ်ကြံခဲ့ခြင်းအတွက် အရေးယူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး အနီပါဟာဂျီ အာမန်က မတ် ၅ ရက်က ထုတ်ဖော် ပြောဆိုလိုက်သည်။

 

“မလေးရှားနိုင်ငံသည် မိမိတို့နိုင်ငံအပေါ် ဂုဏ်သတင်းထိခိုက်စေမည့် ဆောင်ရွက်ချက်မျိုးကိုမဆို အပြင်းထန်ဆုံး ပြန်လည်တုံ့ပြန်သွားမည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်တွင် ပါရှိဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံကလည်း မြောက်ကိုရီးယားနိုင်ငံ ပါဝင်ပတ်သက်နေသော မလေးရှားလေဆိပ်တွင် ဖအေတူ ညီအစ်ကိုကို သတ်ဖြတ်ခဲ့မှုအတွက် ရှုတ်ချပစ်တင်ခဲ့သည်။

လုပ်ကြံခံရသူ ကင်ဂျုံနမ်၏ ရုပ်အလောင်းကို မြောက်ကိုရီးယား က ပြန်လည်တောင်းခံခဲ့ခြင်းမှစ၍ နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာခဲ့ကြရသည်။

Ref:AFP