ဆေးခြောက်ကို တရားဝင်သုံးစွဲဖို့် ထိုင်းဆုံးဖြတ်

ထိုင်း လွှတ်တော်က ဆေးခြောက်ကို ဆေးဝါးအဖြစ်နဲ့ သုတေသနပြုလုပ်ဖို့ တရားဝင်သုံးစွဲခွင့်ပြုရန် မနေ့က ဆုံးဖြတ်လိုက်ပါတယ်။ လက်ရှိသုံးစွဲနေတဲ့ ၁၉၇၉ မူးယစ်ဆေးဝါးဥပဒေကို ပြင်ဆင်ပြဌာန်းလိုက်တာ ဖြစ်ပါတယ်။

အဲဒီ ပြင်ဆင်ချက်မူကြမ်းရေးဆွဲခဲ့တဲ့ ကော်မတီဥက္ကဋ္ဌ ဆွန်ချိုင်းက ဒါဟာ ထိုင်းပြည်သူတွေအတွက် လွှတ်တော်က ပေးလိုက်တဲ့ နှစ်သစ်ကူးလက်ဆောင်ပါပဲလို့ ပြောပါတယ်။

အရှေ့တောင်အာရှနိုင်ငံအများစုမှာတော့ ဆေးခြောက်သုံးစွဲမှုကို တားမြစ်ထားဆဲပါပဲ။ စင်္ကာပူ၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ ဆေးခြောက်ရောင်းဝယ်သူတွေ သေဒဏ်ချမှတ်ခံ ရနိုင်ပါတယ်။

-Ref:RFA