အမေရိကန်ရဲ့နျူကလီးယားလက်နက် အများဆုံးသိမ်းဆည်းရာစခန်းမှာ လင်းပိုင်တွေက လုံခြုံရေးယူထား

ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် အများဆုံး သိမ်းဆည်းထားရာနေရာတစ်ခုဖြစ်တဲ့ ကစ်ဆက်ရေတပ် အခြေစိုက်စခန်းကို လင်းပိုင်တွေက လုံခြုံရေးတာဝန်ယူပေးထားတာပါ။ ဆီယက်တယ်မြို့ကနေ မိုင် ၂၀ အကွာမှာရှိတဲ့ ကစ်ဆက်ရေတပ်အခြေစိုက်စခန်းမှာ အမေရိကန်စစ်တပ်ရဲ့ နျူကလီးယားလက်နက် ၄ ပုံ၊ ၁ ပုံနီးပါး သိမ်းဆည်းထားပါတယ်။

အမေရိကန်ရေတပ်ဟာ ၁၉၅၉ ခုနှစ်ကစပြီး စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုတွေမှာ အသုံးပြုဖို့ လင်းပိုင်တွေနဲ့ တခြားရေနေသတ္တဝါတွေကို လေ့ကျင့်သင်ကြားခဲ့တာပါ။ ၁၉၈၀ ပြည့်နှစ်တစ်ဝိုက်မှာတော့ ရေတပ် အခြေစိုက်စခန်းတွေမှာ လင်းပိုင် ၁၀၀ ကျော်အထိ ရှိလာခဲ့ပြီး ရေနေသတ္တဝါတွေ လေ့ကျင့်သင်ကြားရေး ဘတ်ဂျက်ကလည်း အမေရိကန်ဒေါ်လာ ၈ ဘီလျံအထိ ရှိလာခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ်ကစပြီး ကစ်ဆက်ရေတပ်အခြေစိုက်စခန်းဘေးပတ်ဝန်းကျင် ရေပိုင်နက်ကို လင်းပိုင်တွေက ကာကွယ်စောင့်ရှောက်ခဲ့ကြတာပါ။ ပိုင်နက်ထဲ ဝင်လာသူတွေကို တားဆီးဖို့ ပင်လယ်ခြင်္သေ့တွေလည်း စေလွှတ်ထားတယ်လို့ ဆိုပါတယ်။

source;yoyarlay