လက်ဘနွန်စစ်ဘက်ထိုးစစ်တွင် အိုင်အက်စ်ခေါင်းဆောင်တစ်ဦး သေဆုံး

တောင်ထူထပ်သော ဆီးရီးယားနိုင်ငံနှင့် နယ်စပ်တွင် လက်ဘနွန်စစ်ဘက်၏ ထိုးစစ်အတွင်း အိုင်အက်စ်အဖွဲ့ ခေါင်းဆောင် တစ်ဦးအား သတ်ဖြတ်နိုင်ခဲ့သည်ဟု လက်ဘနွန်အမျိုးသား သတင်းအေဂျင်စီနှင့် လုံခြုံရေး သတင်းရင်းမြစ်တစ်ခုက ပြောသည်။

နာရစ်အယ်လ်ရှာလန်းသည် ယင်းဒေသမှ အိုင်အက်စ်အဖွဲ့ ခေါင်းဆောင်ဟု လုံခြုံရေးသတင်း ရင်းမြစ်က ပြောကြားသည်။

 ၎င်းသည် အဘူဖော့ဇ်ဟူ သော အမည်ကိုလည်း အသုံးပြုကြောင်း နိုင်ငံတော် မီဒီယာက ဖော်ပြသည်။

လက်ဘနွန်နိုင်ငံမြောက်ပိုင်း အာဆယ်လ်ဒေသတွင် လက်ဘနွန် စစ်ဘက်က စစ်ဆင်ရေး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အိုင်အက်စ်အဖွဲ့နှင့် အယ်လ်ကိုင်ဒါအဖွဲ့နှင့် ဆက်နွှယ်သော နျူဆရာတပ်ဦးအဖွဲ့တို့ကြား တိုက်ခိုက်မှုများမှ လက်ဘနွန် နိုင်ငံ ၏ မြောက်ပိုင်း တောင်ထူထပ်သော ဆီးရီးယားနှင့် နယ်စပ်အထိ တစ်ခါတစ်ခါ ရောက်ရှိလာခဲ့သည်။

နှစ်ဖက်တိုက်ခိုက်ရေးသမားများသည် ၂၀၁၄ က အာဆယ်လ်ဒေသကို ခေတ္တသိမ်းပိုက်ခဲ့သော်လည်း စစ်ဘက်၏ တိုက်ခိုက်မှုကြောင့် ဆုတ်ခွာသွားခဲ့သည်။

လက်ဘနွန် စစ်တပ်သည် နိုင်ငံမြောက်ပိုင်းနှင့် နယ်စပ်ဒေသတွင် အိုင်အက်စ်နှင့် နျူဆာရာ တပ်ဦးအဖွဲ့အပေါ် ပုံမှန် ထိုးစစ်ဆင်လေ့ ရှိသည်။

—Ref: Reuters


Leave a Reply